Intro

1.4K 74 10
                                    

Unicode

အဖြူရောင် ၀တ်ရုံလွှလွှကို လျော့တိလျော့ရဲ၀တ်ဆင်ကာ သလွန်ထက်တွင် လှဲလျောင်နေသောထိုသူ...
ထိုသူ၏နံဘေးဘက်တွင် တောရိုင်းပန်းပွင့်များ လက်ဆတ်စွာပွင့်လန်းနေလေသည်...
ထိုသူကိုယ်တိုင်ဟာလည်း ထိုတောရိုင်းပန်းများကဲ့သို့ပင် သဏ္ဌာန်တူလေစွ...

"အရှင် ကိုယ့်ကိုမထားခဲ့ပါနဲ့ အရှင်
အရှင် မသေရဘူး!"

ထိုသူ၏အိမ်မက်ဟာ အင်မတန်မှဆိုးဝါးလှပီး ထိုသူ၏မျက်နှာပြင်ဟာချွေးများဖြင့်စိုရွှဲလျက် နီရဲ‌လာလေသည်..

"ကိုယ် မင်းဘေးမှာရှိပါတယ်ဂျင်"

တစုံတဦး၏အသံကိုကြားလိုက်ရသောအခါ ထိုသူမျက်၀န်းတစုံကိုဖြည်းညှင်းစွာဖွင့်လိုက်လေသည်..
ဝေဝါးတဲ့ ပုံရိပ်ယောင်လေးတခုကို ထိုသူလှမ်းဆွဲလိုက်ရင်း မျှော်လင့်နေရသူ၏ကိုယ်သင်းရနံ့ကိုတ၀ကြီး ရှူသွင်းလိုက်လေသည်...

"မင်း.. မင်းဘယ်သူလဲ!?"

သို့သော် ထိုသူသည် မိမိမျှော်လင့်နေသူမဟုတ်ခဲ့ပါ...
ဝေဝါးစွာမြင်ရသော ထိုသူ၏ပုံရိပ်တွင် ထင်ရှားလှသောမေးရိုးနှင့်အတူ လေးထောင့်ဆန်သောအပြုံးတို့ပါရှိနေလေသည်...

"ယောင်း မင်းလား...
မင်း အရှင့်ကိုရှာလို့တွေ့ပီလား ယောင်း"

တဖက်လူသည် ခေါင်းငုံ့သွားရင်း စကားတခွန်းကို ပျက်သားစွာဆိုလာလေသည်...

"ကိုယ်က နမ်ဂျွန်းပါ ဂျင်"

နမ်ဂျွန်းဆိုသည့်အသံကိုကြားသည်နှင့် ထိုသူ့မျက်၀န်း‌တို့တွင် ဒေါသရိပ်များပြည့်နှက်လာပီး သလွန်ထက်ကဓားမြှောင်ကိုထုတ်ယူကာ တဖက်လူ၏ရင်၀သို့ သွေးများပန်းထွက်သည်အထိ ပြင်းထန်စွာ ထိုးစိုက်ချလိုက်လေသည်...

"ဂျင်!!"

တဖက်လူ၏သွေးစတို့ဟာ နံဘေးကတောရိုင်းပန်းကလေးများပေါ်တွင်သာမက ထိုသူ၏မျက်နှာပေါ်တွင်ပါအပြည့်နေရာယူထားလေသည်..
‌ထိုသူ တဖက်လူ၏ရင်၀မှ ငွေရောင် ဓားမြှောင်ကိုဆွဲထုတ်လိုက်ကာ နာနာကြင်ကြင်ပြုံးလိုက်မိသည်...

Forever Love;Poisonous Love StoryWhere stories live. Discover now