5

5.6K 625 4
                                    

Unicode

ထိုနေ့မှစပြီး အရှင်ကညချိန်တိုင်း သူ့အဆောင်ကို ခေါ်ကာ နိုင်ငံရေး၊စီးပွားရေး၊ပညာရေးတွေ ဆွေးနွေးရုံသာမက အစီရင်ခံစာတွေကိုပါ အတူတကွ စစ်ခိုင်းလေသည်။

ဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတော့လည်း တကယ်ကိုမလွှဲမရှောင်သာပင်။

နေ့ဆိုညီလာခံတက်ပြီး နန်းတော်အပြင်ထွက် ရောက်တတ်ရာရာသွားလိုက် ညဆိုလည်း အရှင့်အဆောင်မှာပဲအချိန်ကုန်လိုက်နှင့် အိမ်တော်ကလူတွေတောင် သူတို့သခင်ကြီးရဲ့ရုပ်ကို မမှတ်မိတော့မှာ စိုးရိမ်ရသည်။

ဒီနေ့တော့ နန်းတော်ပြင် မထွက်တော့ပဲ အိမ်သို့သာ ပြန်လာခဲ့တော့သည်။

အရင်အခါတွေအတိုင်းပင် သခင်ကြီးပြန်လာပြီဆိုပြီး ဝမ်းသာအားရကြိုဆိုကြသည်။

ရှစ်ယင် နေ့လည်စာ လာပို့ရန် ပြောလိုက်ပြီး အဆောင်အတွင်း ပန်းချီဆွဲရင်း စောင့်နေလိုက်သည်။

ပန်းချီပညာကို အတတ်ကြီးရယ်လို့ မဟုတ်ပေမယ့် ငယ်ငယ်က တွေ့သမျှမြင်သမျှ သဘာဝတရားတွေကို ပုံဖော်ချင်သည့် စိတ်ကူးနှင့် အတော်အတန် လိုက်စားခဲ့ဖူးသည်။

အခြေခံသဘောတရားလောက်ကို ပိုင်နိုင်စွာ တက်ကျွမ်းပြီး သဘာဝရှုခင်းပုံတွေကိုလည်း ကောင်းမွန်စွာ ရေးဆွဲတတ်သည်။

ထို့အပြင် လူပုံတူတချို့ကိုလည်း သူအဆွဲတတ်ပါသေးသည်။

ဒီနေ့တော့ ဖြူဖြူဖွေးဖွေး ယုန်ဝကစ်လေး တစ်ကောင်ပုံ ဆွဲဖို့ သူစိတ်ကူးရသည်။

ပုံကြမ်းအရင်ချဖို့ ပြင်ဆင်လိုက်တယ်။သူကောက်ကြောင်းစတင်နေတုန်းမှာပဲ အစေခံတစ်ယောက်က နေ့လည်စာလာပို့လေသည်။

အိမ်တော်က အစေခံတွေတောင် သူစီစစ်မယ်ဆိုပြီး မအားလပ်မှုတွေကြောင့် တုံ့နှေးနေခဲ့တာပဲ။

"ရှင်းမု ဆိုတဲ့ မိန်းကလေးကိုတွေ့မိလား"

အမြှီးပိုင်းလေးကို ခပ်လုံးလုံး ပုံဖော်နေရင်း ထွက်မသွားသေးသည့် အစေခံမလေးကို ရှစ်ယင်မေးမိသည်။

အရင်လမုန့်ပွဲတော်နေ့က ဖူယွမ်ယွမ် ဘက်တော်သား မိန်းကလေးကိုခေါ်ပြီး သူတို့အပေါင်းအပါတစ်သိုက်လုံးကို အိမ်တော်က ထုတ်ရမည်ဖြစ်သောကြောင့်ပင်။

မက်မွန်သီအိုရီ/မက္မြန္သီအိုရီ(Complete)Où les histoires vivent. Découvrez maintenant