[ ၂၂ ]

2.9K 462 40
                                    

[ Unicode ]

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အဖေဖြစ်သူကို Baekhyun မျက်လုံးချင်းတောင်မဆုံရဲ၊ လက်သည်းဖြင့် လက်ထိပ်ကို အသာလေးဆိတ်ရင်း အကြည့်ကို ကြမ်းပြင်ထံသို့ ရွှေ့ထားလိုက်သည်။

ကုန်သည် Byun ကလည်း ဘာစကားမှ မဟရသေးသလို ဘေးနားမှာထိုင်နေတဲ့ Chanyeol ထံမှလည်း အသက်ရှူသံခပ်မျှင်းမျှင်းကလွဲ ဘာသံမှမကြားရ။

အေးစက်နေသည့်စကားဝိုင်းထဲမှာ Leo တစ်ယောက်တည်း မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေရှာသည်။

' မတွေ့ရတာ ဒီကလေးတစ်သက် ရှိပြီနော် ... မြေးလေးအသက်က ဘယ်လောက်ရှိပြီလဲ '

' Leoက ဟိုတစ်နေ့ကပဲ လေးနှစ်ပြည့်ပြီးသွားပြီ ဘိုးဘိုးရဲ့၊ မွေးနေ့မှာ ဖေဖေတို့နဲ့ တောင်တန်းတွေကိုလည်း သွားကြည့်တယ်၊ ပင်လယ်ဘက်ကိုလည်း သွားတယ် ... ဖေဖေက စိတ်ဆိုးသွားလို့ ဒယ်ဒီကလိုက်ချော့ရသေးတယ် သိလား '

အသက်ဘယ်လောက်လဲဆိုတဲ့ မေးခွန်းမေးတာကို Baekhyun စိတ်ကောက်တဲ့အကြောင်းတွေပါ ဘိုးအေဖြစ်သူကို ပြည့်ပြည့်စုံစုံဖြေပြသွားတဲ့ Leo လေး။

ရှေ့သွားလေးတွေကျိုးနေတာကြောင့် ရယ်လိုက်တိုင်း ဟောင်းလောင်းပေါက်လေးဖြစ်နေ၏။ ဘယ်သူက Park Chanyeol ရဲ့သားမဟုတ်ဘူးလို့ ပြိုင်ငြင်းမှာစိုးလို့လဲမသိ၊ ပါးချိုင့်ကိုပါ အမွေရထားသေး။

' Leo Park မင်းအိမ်စာတွေ ရေးပြီးပြီနော်၊ ငါ့ကိုခိုင်းစားဖို့ပဲတွေးနေ ... ဟင် ကုန် ကုန် ကုန်သည် Byun '

Leo အိမ်စာတွေရေးပြီးသကာလ အိမ်ရှေ့ကိုထွက်လာတဲ့ Jongin တစ်ယောက် Baekhyun အဖေကိုမြင်ပြီး မှင်သက်သွားရသည်။ တစ်ဆက်တည်း Baekhyun ရဲ့အစ်ကိုလတ်များ ပါလိုပါငြား ခြံရှေ့ကိုဝေ့ကြည့်ပြီး ဘယ်သူ့ကိုမှမတွေ့တဲ့အခါမှ အသက်ရှူထုတ်နိုင်တော့သည်။

' အဟမ်း '

ရှုထောင့်ပေါင်းစုံကနေ ချောင်းပြီးကာမှ ကိုယ့်ကိုသေချာကြည့်နေတဲ့ မျက်ဝန်းသုံးစုံကြောင့် Jongin ချောင်းတစ်ချက်ဟန့်လိုက်လေသည်။

ရုပ်ချောသလောက် သတ္တိမရှိတဲ့သူလို့တော့ မထင်စေချင်၊ တကယ်တမ်းက ကိုယ်ထိုးလိုက်လို့ တစ်ဖက်သူမျက်နှာမှာ ဒဏ်ရာဒဏ်ချက်ရသွားမည်ကို Jongin မလိုလားတာဖြစ်သည်။

GAZE [COMPLETED]Where stories live. Discover now