[ ၁၈ ]

4.4K 516 78
                                    

[ Unicode ]

' Baekhyun Hyung '

ညနေခင်း ခြံထဲမှာ လမ်းလျှောက်ထွက်ရင်း ခေါ်သံလိုလိုကြားလိုက်တာကြောင့် Baekhyun ခြံအပြင်ဘက်ကိုဝေ့ကြည့်လိုက်တော့ သစ်ရွက်တွေကိုခေါင်းပေါ်တင်ထားပြီး ခြုံနွယ်တွေထဲမှာ ထိုင်မရထမရ ကုန်းကုန်းကွကွ လုပ်နေတဲ့သူတစ်ယောက်ကို တွေ့လိုက်ရသည်။

' ဘယ်သူလဲ '

Baekhyun အသံက မဆိုသလောက်လေး ကျယ်သွားတာကြောင့် Jongin နှုတ်ခမ်းပေါ်လက်ညှိုးတင်ရင်း ရှူး တိုးတိုးဟု လုပ်ပြရသေးသည်။ Chanyeol Hyung လွှတ်လိုက်လို့သာရောက်လာတာ Baekhyun Hyung ဘက်ကအမျိုးတွေကို Jongin ကြောက်သည်။ အထူးသဖြင့် Baekhyun ရဲ့အစ်ကိုလတ်ဆိုတဲ့တစ်ယောက်၊ Chanyeol Hyung ကိုထိုးလိုက်တာ သုံးလေးရက်လောက် အရောင်မကျ၊ တဆစ်ဆစ်ကိုက်လို့ ထမင်းတောင်မစားနိုင်ရှာ။

' လာ လာ လာ '

Jongin ကသူ့အနားကိုလာရန် လက်ယပ်ခေါ်တော့ Baekhyun ကခေါင်းခါပြလိုက်သည်။ ကိုယ်မသိတဲ့သူအနားကိုဘာသွားလုပ်ရမှာလဲ။ အနားကိုရောက်မလာတဲ့ Baekhyun ကြောင့် Jongin က Chanyeol ပေးလိုက်တဲ့စာကို မြှောက်ပြလိုက်၏။

' ဘာမှမလုပ်ဘူး၊ စာလာပေးတာ ... လာ အနားကိုလာ '

' ဟာ လာပါဆို ! လာ '

တောလိုက်မုဆိုးတွေ သားကောင်ကိုထောင်ချောက်ဆင်သလိုမျိုး ခြုံနွယ်တွေထဲဝင်ပုန်းနေတဲ့သူ။ Jongin အမူအရာတွေကို Baekhyun ကြည့်ရင်းကြည့်ရင်း လန့်လာတော့သည်။

' ဟင့်အင်း မလာဘူး '

အကြောက်အကန်ငြင်းကာ အိမ်ထဲဝင်ပြေးရန်ကြံနေတဲ့ Baekhyun ကြောင့် Jongin ချုံထဲမှာဆက်မနေနိုင်တော့။ Baekhyun နောက်ကို အူယားဖားယားပြေးလိုက်ပြီး Chanyeol ပေးလိုက်တဲ့စာကို လက်ထဲအတင်းထည့်ပေးလိုက်တော့သည်။ ဒါဆို သူ့တာဝန်တော့ ပြီးပြီ။

' ဒါ ဘာလဲ '

' စာလေ ... ဟို ဟို ကျွန်တော်ပေးတဲ့စာမဟုတ်ဘူး၊ Chanyeol Hyung ပေးခိုင်းလိုက်တဲ့စာ '

အိမ်တိုင်ရာရောက် ရည်းစားစာလာပေးနေပါတယ် အစ်ကိုလတ်ရေလို့ အော်လိုက်မှာစိုးတာကြောင့် Jongin သွက်သွက်လက်လက်ရှင်းပြလိုက်ရသည်။ ရှင်းပြနေရင်းတောင် ကြက်သီးတွေထပြီး ကျောတွေချမ်းနေသည်။

GAZE [COMPLETED]Where stories live. Discover now