💘 Part 1💘

1.1K 129 15
                                    

[Unicode]

"‌ဟူးး ပူလိုက်တာ ..........တက္ကဆီ"

"ဘယ်သွားမှာလဲ ကောင်လေး"

"ဟို ပတ်‌ေဆာဂျွန်းဆိုတဲ့ အဆောင်လေ အဲ့တာ"

"အော် မြို့လယ်က Big hit university ကျောင်းကြီး အနီးက အဆောင်လား"

"ဟုတ်မယ်ထင်တယ် ဦးလေး ကျွန်တော်လည်း နယ်ကခုမှတက်လာတာဆိုတော့လေ"

"အော်အေးအေး တက်တက်"

"‌ေ‌အာ်ဟုတ်"

ဒီလိုနဲ့ ဒယ်ဂူနဲ့ ဆိုးလ် အဝေးပြေးကားဂိတ်ကနေ ထွက်ခွာသွားတဲ့ ထိုတက္ကဆီငယ်

ကားပေါ်၌

"မင်းပြောတဲ့ အဆောင်နာမည်က ဒီမှာ နာမည်ကြီးလေ ဈေးကြီးတယ်ပြောကြတယ်  မင်းက နယ်က ကျောင်းလာတက်တာလား"

"ဟုတ်တယ်ဦးလေး ဒါနဲ့ ဆိုးလ်က နည်းနည်းပူတယ်နော်"

"ဟဟ ဒါက ပုံမှန်ပါပဲ မင်းကဘယ်ကလဲ"

"ကျွန်တော်က ဒယ်ဂူကဗျ "

"အော်ဒါကြောင့်ကို မင်းတို့ဘက်က လယ်ယာ‌ေတွများတော့ အေးမှာပေါ့ ဒီဘက်က အပူချိန်က ဒီလိုပါပဲ ပူတယ်လို့ထင်လို့ပါ နောက်ကြနေသားကြသွားလိမ့်မယ်"

"အော် ဟုတ်"

ဟူး သူလည်းပြောသာပြောတာ ဒီအပူချိန်ကို ပူတယ်ပြောရင် အာရှသားတွေ ထိုင်ငိုသွားမည်~

ဒီလိုနဲ့ ၁နာရီလောက်အကြာ သူတို့ အဆောင်ခြံသို့ရောက်လာလေသည်

"‌ေကာင်းကောင်းမောင်းသွားပါ"

"အေး ကောင်လေးလည်း ဂရုစိုက်"

"Nae "

ဟူးးးး ရောက်ပြီ‌ပဲ~

ထို့နောက် မျက်လုံးဝှေ့ကြည့်လိုက်တော့  ခြံတံခါးရှေ့ တံမြတ်စီးလှဲနေတဲ့ အရွယ်ခပ်လတ်လတ် ဦးကြီးတစ်ယောက် သူလည်း အဲ့နားကိုသွားကာ

"အာဂျွတ်ရှီး"

"အော် ‌ကောင်လေးပြော"

"ဟို ကျွန်တော်က ဒီအဆောင်ကိုငှားတဲ့သူပါ ဟို နာမည်က.........."

"အော် သူဉေးပြောထားတဲ့ တစ်ယောက်ပဲ လာလာ"

သူလည်း ထိုဦးလေးကြီးနောက်က လိုက်ခဲ့လိုက်‌ေလသည် ခြံထဲ၀င်တော့ ခြံ၀င်းကြီးထဲ ၄ထပ်တိုက် ၃ခုရှိသည် အလယ်က တိုက်က လှေကားကအလယ်ကဖြစ်နေပြီး ဟိုဘက်တစ်ခြမ်းဒီဘက်တစ်ခြမ်း ဝံရန်တာမပါပေ  ဘေးကတိုက်ကတော့ လှေကားတစ်ဖတ်တည်းကိုမှ ထစ်ထပ်မှာ နှစ်ခန်းဆီခွဲထားသည် အထပ်တိုင်းမှာ ဝံရန်တာပါ‌ေပသည်

ကိုကို့ရဲ့ မျက်နှာဝိုင်းလေးWhere stories live. Discover now