💘 Part 2 💘

777 100 45
                                    

[Unicode]

"ဟေ့ ဟေ့ ‌"

"အားး"

"အဲ့တာတွေ  အဲ့တာတွေ"

စက်ဘီးပေါ်က ဆင်းလာကာ သူ့ကြောင့်တိုက်မိလို့ လှဲကြသွားတဲ့ ကောင်လေးကိုထူပေးပြီး

"အဲ့တာတွေပဲတွေ့လား မင်းတို့လို လူငယ်တွေ အဲ့လို နားကြပ်တွေတပ် သီချင်းတွေအကျယ်ကြီးနားထောင် ပြီးရင် ဘာမှမကြားနဲ့ အဲ့လိုခေတ်‌ေတွမှီချင်နေလို့ ငယ်ငယ်လေးတွေနဲ့ ဒီလို accident‌ေတွခဏခဏ ဖြစ်တာ  "

"ဘာ ခင်များ ဗလိုင်းကြီးပါလား"

ဂျောင်ဂုတစ်ယောက် သူ့ကိုလာတောင်ထူပေးတယ်ဆိုလို့ ကျေးဇူးတင်မို့စဉ်းစားလိုက်တဲ့အတွေးဟာ ထိုသူ့စကား အကြားမှာတော့ သဲထဲရေသွန်ပင်  ကျောင်း၀န်းထဲ စက်ဘီးတွေရပ်တဲ့ကွင်းနားဖြစ်တာကြောင့် လူကအနည်းနဲ့အများတော့သွားလာနေကြသည် ဒါကိုထိုသို့အပြောခံရသည်ဆိုတော့ ရှက်လည်းရှက် ဒေါသလည်းတော်တော်ထွက်လာသည်မို့ မှန်ပြေးမကြည့်လဲ ခုချိန် သူ့မျက်နှာ နီရဲနေမှာ အသေအချာပင်

ထယ်ယောင်း တစ်ယောက် ခုမှကျောင်း၀န်းထဲစရောက်တာဆိုတော့ စက်ဘီးကွင်းလည်းရှာရင်း လူလည်းရူပ်နေတာကြောင့် မနည်းထိန်းစီးရင်း လာနေရသည် ဒါကို ကွင်းရှေ့နား ရောက်ခါနီး သူ့ထက် အလှမ်းအနည်းငယ်မှာသာရှိ‌ေတာ့တဲ့ နားကြပ်တပ်ကာ သီချင်းငြီးပြီးသွားနေတဲ့ ထိုကောင်လေး ၊ခေါ်မကြားအော်မကြား နောက်ဆုံးတိုက်မိလေသည်

သူ့မှာ အဝေးကြီးထဲက ဖယ်ဖို့ လက်နဲ့ကာ ပါးစပ်နဲ့ပါအော်ပြောခဲ့ရသည်မို့ အရပ်ကလန်ကလားနဲ့ ကို့ရို့ကားရာကြီးကိုဖြစ်လို့ ဒါ့အပြင် ဂျူနီယာအရွယ်တွေကပါ ဝိုင်းကြည့်လာသည်မို့  တိုက်မိသွားတော့ ဒေါသကထောင်းကနဲပင် ဒီခေတ်ကောင်လေးတွေများ တကယ်ပါ ခုလည်းကြည့် ကိုယ့်ထက်အကြီးကို ခင်ဗျားတဲ့ ဒင်းလေးနဲ့တော့နော်

"ဒီမှာ ဒီမှာ ငါမင်းထက်ကြီးတယ်ဆိုတာနားမလည်ဘူးလား လူကြည့်တော့ ကုတ်ကုတ်ကလေးနဲ့ အကြီးကိုရှိ‌ေသရမယ်ဆိုတာမသိဘူးလားဟမ်"

"ဘာ ခင်ဗျား !!!"

ဂျောင်ဂုတစ်ယောက် ဒေါသဟာငယ်ထိတ်တောင် တက်စောင့်လို့နေလေပြီ အရှေ့က ကလန်ကလား၊ မဟုက်ဘူးမဟုတ်ဘူး အရပ်ရှည်တာဆိုလို့ သူ့ထက်ခေါင်းတစ်လုံးသာ ဒီလူ ‌ေသချင်နေပြီပဲ တစ်ချက်လောက် ကျွေးဦးမှပဲ ငါ့ကို လူ‌ေအးလို့များထင်နေသလား ဟက်

ကိုကို့ရဲ့ မျက်နှာဝိုင်းလေးWhere stories live. Discover now