ရှောင်းကျန့် တရုတ်ပြည် ပြန်ရောက်နေတာကို လူတော်တော်များများက မသိကြသေးဘူး။ သိတဲ့သူတွေကလည်း အတန်းဖော်ဟောင်းတွေနဲ့ သူနဲ့ အဆက်အသွယ် ရှိနေသေးတဲ့ ဆရာဟောင်းတွေ။ သူတို့လည်း ဒီ ဟောပြောပွဲကို အခွင့်ကောင်းယူပြီး ပြန်ဆုံဖို့ စီစဉ်လိုက်ကြတယ်။ ဟောပြောပွဲ ပြီးတာနဲ့ ရှောင်းကျန့်ကို ညစာစားဖို့ ဖိတ်တော့တာပဲ။
ဒါပေမယ့် ရှောင်းကျန့်က ဝမ်ရိပေါ်ဆီကနေ တစ်နေ့လုံး ဘာမှ အဆက်အသွယ် မရသေးဘူး။ စိုးရိမ်တာနဲ့ သူ စာပို့လိုက်တယ်။
" ဒီနေ့ည အလုပ်များလို့ အိမ်ပြန်နောက်ကျလိမ့်မယ်။ ထမင်းစားဖို့ မမေ့နဲ့နော် "
ဒါပေမယ့် ဝမ်ရိပေါ်က ဘာမှ ပြန်မပို့လာခဲ့ဘူး။
ညစာ စားနေတဲ့ တစ်လျောက်လုံး ရှောင်းကျန့်က အာရုံမရဘဲ သူ့ဖုန်းကိုပဲ ခနခန ကြည့်နေမိတယ်။ သူ စိတ်တွေလွင့်နေတာ တော်တော် သိသာလွန်းလို့ ဘေးနားက သူ့ပါမောက္ခ ကတောင် သတိထားမိတယ်။ ရှောင်းကျန့် ဖုန်းကို ထပ်ကြည့်တဲ့ အချိန်မှာတော့ ဆရာလျှိုလည်း ထိန်းမထားနိုင်ဘဲ ပြောမိတော့တယ်။
" ရှောင်းကျန့် ဘယ်သူ့ဖုန်းကို စောင့်နေတာလဲ။ ကောင်မလေး ဆီကလား "
" ဟားဟား .. မဟုတ်ပါဘူးဗျ "
သူတို့ စကားက စားပွဲဝိုင်းက တခြားသူတွေကိုပါ ဆွဲဆောင်လိုက်ပြီး မကြာခင်မှာပဲ ရှောင်းကျန့်ကို အားလုံးက ဝိုင်းပြီး အာရုံစိုက်လာကြတော့တယ်။
" ရှောင်းကျန့်၊ ကောင်မလေး နာမည်က ဘာပါလိမ့်။ အင်္ဂလန်မှာရော မင်းတို့ တွေ့ဖြစ်ကြသေးလား။ မင်းတို့ ပြတ်သွားတုန်းက ငါဖြင့် နှမြောလိုက်တာကွာ "
ဒီလို ညစာစားပွဲတွေမှာ စပ်စပ်စုစုတွေ အတင်းအဖျင်းတွေကို ရှောင်လွှဲလို့ ဘယ်ရပါ့မလဲ။ ရှောင်းကျန့်ကလည်း မချိပြုံးလေး ပြုံးရင်း ပြန်ဖြေရတာပေါ့။
" ခင်ဗျားတို့တွေ အများကြီး လျောက်တွေးနေပြန်ပါပြီ။ တပယ်ပါပဲ။ ကျတော်တို့ ကျောင်းသားဟောင်း တွေ့ဆုံပွဲ မှာ တစ်ခါပဲ ပြန်တွေ့တာပဲ။ အဆက်အသွယ်လည်း မရှိဘူး "
YOU ARE READING
Cigarettes and Jellybeans 《 香烟和果冻糖 》 || Burmese Translation
FanfictionChinese - English - Burmese translation with the help of Professor Mr.Google. Rough trans so may not be accurate and smooth to read. But please bear with it.