(Unicode version)
လရောင်လွှမ်းခြုံထားသောပတ်ဝန်းကျင်က အေးမြ၍ အရောင်မှိန်ပျလှသည်။
ပြေးလွှားနေသောခြေလှမ်းများက ရွက်ကြွေများရဲ့ နှုန်းထက် နှစ်ဆခန့်ပိုမိုမြန်ဆန်လေသည်။သစ်ကိုင်းခြောက်တစ်ခုကြောင့် ခလုတ်တိုက်မှောက်လဲမိစဉ် လက်ကမ်းကာအမြန်ဆွဲထူသော ကောင်လေးကိုအမှီပြု၍ ပြန်လည်လို့ဆက်ပြေးသည်။"ဦးလေး အမြန်ပြေးရအောင်ဗျာ ဟိုလူရောက်လာရင် မလွယ်ဘူး "
"အင်း အင်း "
တစ်ကိုယ်လုံးလည်းအမောဖောက်နေပေမယ့် ဆက်မပြေးလို့မရနိုင်ပေ။အသက်ဆက်ရှင်ရမည် အသက်ဆက်ရှင်ပြီး ဒီမတရားမှုတွေအကုန်လုံးကို လူသိရှင်ကြားဖော်ထုတ်ရမည်။
အုံ့မှိုင်းနေသောတောကြီးထဲနှစ်ယောက်သားအတော်ကြာအောင်လည်နေပြီးနောက်မှာ လမ်းစုံနှစ်ခွက သူတို့ရဲ့ အာရုံတွေကို ထွေပြားသွားစေသည်။
ခြေသံတစ်ရှပ်ရှပ်ကို နားကသေချာစွာကြားလိုက်ရချိန်မှာ တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညင်းတွေ ထလို့လာကာ ရေရွတ်လိုက်သည်။
"ဘယ်သူလဲ ! "
ခဏကြာတော့ထိုခြေသံတွေက ရပ်တန့်လို့သွားကာ သူတို့ရှေ့ကို အသက်နှစ်ဆယ်အရွယ်လောက်သာရှိသေးတဲ့ အမျိုးသားငယ်လေးတစ်ဦးရောက်လာသည်။ထိုအမျိုးသားလေးမှာ အရပ်အမြင့်အားဖြင့်ခြောက်ပေနီးပါးလောက်ရှိကာ မျက်နှာပေါ်တွင် နူးညံ့၍အရိုင်းမဆန်လှသော အပြုံးလေးတစ်ခုရှိနေသည်။ ဆံပင်တွေက ဂုတ်ထောက်သည်အထိရှည်လျားပြီး ခေါင်းစည်ကြိုးတစ်ခုဖြင့် ကောင်းကောင်းချည်ထားခဲ့သည်။ ထိုအမျိုးသားလေးက သူ့အရှေ့ကို ရောက်လာကာ နှုတ်ဆက်လေသည်။
"မင်္ဂလာပါ ဦးလေးယင် "
"ကျယ်..ကျယ်ဟန် ! "
"ဦးလေးယင် ဘာလို့များအဲ့သလောက်တောင် တောနက်ကြီးထဲကို ပြေးလွှားနေရတာလဲ ..တစ်ခုခုကို ကြောက်လို့လား "
ထိုအခါ ဦးလေးယင်ဆိုသည့်လူမှာ သူ့အားအံ့ဩတကြီးလက်ညှိုးထိုးလာပြီး
"အလင်းမဲ့ ! မင်းကအလင်းမဲ့အဖွဲ့ကလူပဲ!! "
"အို ! သိသွားပြီလား "
YOU ARE READING
『ᴵᶠ ᴼᴺᴸᵞ ᵀᴴᴱᴿᴱ ᴼᶠ ᴬᴺᴼᵀᴴᴱᴿ ᴸᴵᶠᴱ』
Random*တည်မြဲမှုဆိုတာကအရာရာတိုင်းမှာပုံသေမရှိပေမယ့် မင်းကိုချစ်တဲ့အချစ်ကတော့ ထာဝစဉ်တည်မြဲမှုရှိတယ်* #JunZhefanfic #EternalLoveVersionB