(Unicode version)
အမှန်စင်စစ်သူတို့နှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံလိုက်ခြင်းက ကုန်းကျွင်းသူ့အပေါ်စိတ်ဝင်စားမှုတွေကပိုပိုပြင်းပြလာခဲ့သည်။ နေ့တိုင်းတွေ့ဆုံနေရသော်လည်းထိုလူက သူ့ကိုတချက်ကလေးမှပင်အရေးမစိုက်ပါပေ။ သူ့တင်မဟုတ် တစ်ခြားဘယ်သူမှလည်းသူ့ကိုဂရုမစိုက်သလို သူကလည်း ဂရုမစိုက်ပါ။
"အားလုံးပဲ ဒီနေ့အတန်းကိုတော့ ဒီမှာနားပြီး အားလုံးအားကစားအခန်းထဲသွားကြပါ "
ထိုအချိန်သည်ကားကျောင်းသားဘဝတွင်ပျော်စရာအကောင်းဆုံးအချိန်တစ်ချိန်ဖြစ်သည်ဆိုလျှင်လုံးဝမမှားပါပေ။ ကုန်းကျွင်းစာအုပ်တွေကို ကောက်သိမ်းကာ သူ့အနောက်ဘက်က ခုံအလွတ်အကျယ်ကြီးမှာထိုင်နေတဲ့ ကျန်းကျယ်ဟန်ကိုတစ်ချက်ကြည့်လိုက်သည်။ထိုလူက သူကြည့်နေတာကို သိပုံမပေါ်ပဲ သူများတွေနဲ့နည်းတူအားကစားခန်းမထဲထွက်သွားလေသည်။ ကုန်းကျွင်းလည်း အမြန်ကောက်သိမ်းပြီးသူ့အနောက်ကခပ်သုတ်သုတ်လိုက်သွားသည်။
ခဏကြာအားလုံးအားကစားဝတ်စုံလဲလှယ်ပြီး အားကစားခန်းမထဲဝင်လာခဲ့ကြသည်။ကျန်းကျယ်ဟန်လည်း ပရိသတ်ထိုင်ခုံတွေအပေါ်မှာထိုင်လိုက်ပြီး သူများတွေကစားတာကို ကြည့်နေခဲ့သည်။ ထိုစဉ် ပေ150ပတ်လည်လောက်ကျယ်တဲ့ အားကစား ခန်းမရဲ့ ညာဘက်ထောင့်က Basketballတစ်လုံးကို ကိုင်ဆော့နေတဲ့လူတစ်ယောက်က သူ့ကိုပြုံးပြနေသည်။ထိုလူက ကုန်းကျွင်းမှအပမည်သူမှမဖြစ်နိုင်ပါလေ။
ကျန်းကျယ်ဟန် မသိချင်ယောင်ဆောင်လိုက်ပြီး တခြားတိုက်ကွမ်ဒိုကစားရာဘက်ကိုကြည့်နေလိုက်သည်။ထိုစဉ် ကျောင်းသားတစ်ယောက်က အော်လာခဲ့သည်။
"စီနီယာကုန်းကျွင်း ! ကျွန်တော်နဲ့ Basketballပြိုင်ကစားမလား "
ကုန်းကျွင်းထိုစကားကြားလိုက်ရတော့ ထိုကျောင်းသားကိုတစ်ချက်ကြည့်ပြီး ကျန်းကျယ်ဟန်ဘက်ကို တချက်ကြည့်ပြီးပြောလိုက်သည်။သူပြောတဲ့စကားကို ကျန်းကျယ်ဟန်ကြားမယ်ဆိုတာ သူသေချာပေါက်အာမခံနိုင်သည်။
"မင်းလောက်နဲ့များ ! ငါနဲ့ပြိုင်ဆိုင်ဖို့ဆိုရင်အရည်အချင်းရှိရုံတင်မရဘူးနော် ရုပ်ရည်လည်းရှိဖို့လိုတယ် ...မင်းနဲ့ကစားမဲ့အစား ...ဟိုခုံမှာထိုင်နေတဲ့ ကျောင်းသားသစ်လူချောလေးနဲ့ပဲကစားလိုက်မယ် "
YOU ARE READING
『ᴵᶠ ᴼᴺᴸᵞ ᵀᴴᴱᴿᴱ ᴼᶠ ᴬᴺᴼᵀᴴᴱᴿ ᴸᴵᶠᴱ』
Random*တည်မြဲမှုဆိုတာကအရာရာတိုင်းမှာပုံသေမရှိပေမယ့် မင်းကိုချစ်တဲ့အချစ်ကတော့ ထာဝစဉ်တည်မြဲမှုရှိတယ်* #JunZhefanfic #EternalLoveVersionB