(Unicode version)
လုံးဝဖွင့်မရသော တိုက်ခန်းတံခါးကြောင့် ကျန်းကျယ်ဟန် မဆိုသလောက်ဒေါသထွက်လာမိသည်။သူ့မှာ သော့အပိုမရှိဘူး၊သူသော့ကို ဟိုမလောက်လေးမလောက်စားကောင်က ခိုးသွားတာပဲ။ ကျန်းကျယ်ဟန်လွယ်အိတ်ကိုချခဲ့ပြီး တံခါးဝမှာပဲ ချခဲ့ပြီး ကျောင်းကိုတစ်ခေါက်ပြန်လာခဲ့သည်။
ထင်သည့်အတိုင်းပဲ စာသင်ခန်းထဲဝင်လာတော့ ကုန်းကျွင်းရှီမန်ဆိုတဲ့ အပေအတေလေးက စာသင်ခုံပေါ်မှ ခြေထောက်တစ်ဖက်တင်လို့ မှီအိပ်နေသည်။သူ့လက်ထဲမှာလည်း ကျန်းကျယ်ဟန်ရဲ့တိုက်ခန်းသော့ကို မြှောက်ကစားလို့နေသည်။
"ငါ့ကို ပြန်ပေး ! "
ကျန်းကျယ်ဟန်ကိုမြင်တာနဲ့ သော့ကိုဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်လို့ မထိတထိပြုံးလာသည်။အခန်းထဲမှာလည်းသူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိတာကြောင့် ကျန်းကျယ်ဟန်သူ့ရဲ့ မျက်နှာကို ကောင်းကောင်းကြီးရိုက်ပစ်ချင်နေမိပါသည်။ကုန်းကျွင်းကမသိချင်ယောင်ဆောင်နေပြီး ကျန်းကျယ်ဟန်ကို ဘေးမှာထိုင်ဖို့ ထိုင်ခုံကိုပုတ်ပြလာသည်။
"ဒီမှာ ! မင်းငါ့ကိုဘာဖြစ်လို့ အခုလို လိုက်စနေရတာလဲ "
"ကျွန်တော်မစပါဘူး ! ကျွန်တော်က ခင်ဗျားနဲ့ရင်းနှီးချင်လို့လေ "
"ငါတော့ မင်းနဲ့မရင်းနှီးချင်ဘူး ငါ့သော့ပြန်ပေး ! "
"ဘာသော့လဲ ? ကျွန်တော်မှ မယူထားတာ "
"ကုန်းကျွင်းရှီမန် ! "
"နာမည်အရှည်ကြီးခေါ်နေတာ မမောဘူးလား? လောင်ကုန်းလို့ပဲ ခေါ်လေ "
ကျန်းကျယ်ဟန်သူ့ရဲ့စကားကို ဥပေက္ခာပြုလို့ ကုန်းကျွင်းရဲ့ လည်ပင်းကြောကိုရိုက်ချဖို့ လက်လှမ်းလာတာနဲ့ ကုန်းကျွင်းက အလျင်အမြန်ပဲရှောင်တိမ်းလိုက်သည်။
"ခင်ဗျားဘာဖြစ်လို့ စိတ်မြန်လက်မြန်နဲ့ ရိုက်ဖို့ပဲ တွေးနေရတာလဲ? "
ကျန်းကျယ်ဟန်လည်းအလျော့မပေးပဲ နောက်တစ်ကြိမ်သူ့ကို တိုက်ခိုက်လာတော့ ကုန်းကျွင်း ခုံကိုဆွဲယူလိုက်ပြီး ကျန်းကျယ်ဟန်ဘက်ကို စနောက်သလိုပစ်လိုက်သည်။ကုန်းကျွင်းကသူ့ကို ပြန်တုံ့ပြန်တိုက်ခိုက်ခြင်းမျိုးမရှိပဲ မထိတထိပဲစနောက်နေသောကြောင့် ကျန်းကျယ်ဟန် ပိုလို့တောင် ဒေါသထွက်လာရသည်။
DU LIEST GERADE
『ᴵᶠ ᴼᴺᴸᵞ ᵀᴴᴱᴿᴱ ᴼᶠ ᴬᴺᴼᵀᴴᴱᴿ ᴸᴵᶠᴱ』
Sonstiges*တည်မြဲမှုဆိုတာကအရာရာတိုင်းမှာပုံသေမရှိပေမယ့် မင်းကိုချစ်တဲ့အချစ်ကတော့ ထာဝစဉ်တည်မြဲမှုရှိတယ်* #JunZhefanfic #EternalLoveVersionB