🖤8🖤

3.4K 287 3
                                    

"Hello ညီမလေးလားမမပါ"

"ဟုတ်မမပြောလေ"

"မမတို့လကုန်ရင်ပြန်လာတော့မယ်သိလား၊အဲ့ဒါညီမလေးကိုအသိပေးတာပါ"
လီအင်နာ(ထယ်၏အမေ)ရဲ့အသံကရွှင်မြူးနေသော်လည်းလီဟာနာ(ထယ်၏အန်တီလေး)ကတော့မျက်နှာပျက်နေချေပြီ။

"မမရယ်အဲ့မှာစီးပွားရေးတွေကအဆင်ပြေလို့လား၊အဆင်ပြေမှပြန်လာပါမမရဲ့။ညီမလေးအိမ်စောင့်ပေးနိုင်ပါတယ်။"

"အဆင်ပြေတာပေါ့ညီမလေးရယ်။အဲ့တာကြောင့်ပြန်လာတာပေါ့။ပြန်လာရင်ညီမလေးကိုပြောစရာရှိတယ်။"
ဟာနာစိတ်ပူမိသွားသည်။သူ့သားကိုအနိုင်ကျင့်တာသိ၍များသူ့ကိုနှင်ထုတ်တော့မှာလားဟူ၍။

"ဟုတ် ဟုတ်ကဲ့ပါမမရယ်။ဒါပဲနော်"
တီ
ရုတ်တရက်အသံတွေတုန်လျက်ဖုန်းချသွားသောညီမဖြစ်သူကိုအင်နာစိတ်ပူမိသွားသည်။တစ်ခုခုအခက်အခဲများရှိလားဟူ၍။အင်နာတို့မိသားစုလေးကအေးချမ်းပါသည်။အိမ်ထောင်ဦးစီးဖြစ်သူကိုမချစ်မနှစ်သက်တာကလွှဲ၍အကုန်အဆင်ပြေပါသည်။အဆင်မပြေတာကအင်နာ့ရဲ့ညီမဖြစ်သူဟာနာ။

လင်ကောင်မပေါ်ဘဲဗိုက်တစ်လုံးနှင့်ကျန်ခဲ့၍မိဘတွေကအမွေပျက်စွန့်လွှတ်ရုံသာမကအိမ်ပေါ်ကပါနှင်ချခံရသောကြောင့်အရမ်းကိုပင်ပန်းဆင်းရဲခဲ့သည်။သို့သော်အင်နာကတော့ညီမဖြစ်သူကိုထောက်ပံ့ဆဲဖြစ်သည်။အရင် New Yort မှာရှိတဲ့မိဘတွေရဲ့လုပ်ငန်းတွေကလူယုံတော်ကြောင့်အတော်များများပျက်စီးခဲ့ရသည်။ထို့ကြောင့် New Yort ကိုလာ၍လုပ်ငန်းများကိုပြန်လည်တည်ထောင်နေသည်မှာအဆင်ပြေနေပြီဖြစ်သည်။ကိုရီးယားသို့ပြန်ရောက်သောအခါတွင်လည်းညီမဖြစ်သူကိုလုပ်ငန်းတစ်ခုပေး၍တည်ထောင်ခိုင်းမည်ဖြစ်သည်။သို့မှသာတူမဖြစ်သူဘိုရာ့အတွက်နောက်ရေးစိတ်ချနိုင်ပေသည်မဟုတ်လား။

ညီမ​ဖြစ်သူအတွက်စဥ်းစားပေးသောအင်နာတစ်ယောက် ကံကြမ္မာဆိုတာလှည့်စားတက်တဲ့အကြောင်းသာစဥ်းစားမိလျှင်ဒီလိုစိတ်အေးနိုင်ပါ့ဦးမလား။
————————
"ထယ်ယောင်းဒီနေ့လည်းမင်းအိမ်ကလာမကြိုဘူးလား"-ဂျီမင်

"အင်းဦးလေးကနေလို့သိပ်မကောင်းသေးလို့နားခိုင်းထားတာ ဟီးး"-ထယ်
သူ့မူပိုင်အပြုံးလေးဖြင့်ပြောလာသောထယ်ယောင်းကိုပြုံး၍သာကြည့်မိသည်။အိမ်မှာအလုပ်လုပ်သောအလုပ်သမားဖြစ်သော်လည်းမိသားစုဝင်အလားဆက်ဆံတက်သောကောင်လေးကဘယ်အတွက်ကြောင့်ဒုက္ခတွေခံစားနေရတာလဲ။

Poisonous love (Completed)Where stories live. Discover now