🖤20🖤

4.2K 305 0
                                    

ငါးနှစ်တောင်ကြာခဲ့ပြီထယ်။ကိုယ့်ကိုအခုထိခွင့်မလွှတ်နိုင်သေးဘူးလားကွာ။ကိုယ်မှားခဲ့တဲ့အကြောင်းတွေကိုလည်းထယ့်ရှေ့မှာဒူးထောက်တောင်းပန်ချင်သေးတယ် ထယ်ရေ။ဒေါသကိုရှေ့တင်ထားပြီးစိတ်ထင်သလိုလုပ်ခဲ့လို့ ဘုရားသခင်ကကိုယ့်ကိုအပြစ်ပေးခဲ့တာများလားကွာ။

မလိမ်တမ်းပြောရရင် ကိုယ့်ကိုချုပ်ကိုင်မည့်လူကိုမလိုလားသည် ဂျွန်ဂျောင်ကုဆိုတဲ့ဟောဒီကလူသားကဆေးခပ်ပြီးအပိုင်ဖြစ်အောင်လုပ်ခဲ့ပါသည်ဟုသော ကြားလူတွေရဲ့သွေးထွေးစကားကြောင့်မဟုတ်ရင် ထယ်နဲ့လှပတဲ့အိမ်ထောင်ရေးလေးကိုတည်ဆောက်နေမှာအမှန်ပင်။ဒါပေမယ့်ကိုယ်မှားသွားတာပါ ကြားလူတွေရဲ့စကားကို ကိုယ်မယုံလိုက်သင့်ဘူး။

အဲ့နေ့က ထယ့်အစ်မကိုယ်တိုင် ကိုယ့်ဆီကိုလာပြီးဝန်ခံခဲ့တာ ထယ်။အဲ့နေ့ကဆို Daddy ရဲ့ဆူပူတာကိုအများကြီးခံလိုက်ရတယ်သိလား။ထယ်သာအနားမှာရှိရင် ကိုယ့်ကိုကာကွယ်ပေးမှာမလား ဟင်။

ကိုယ် လေအဖြစ်မှန်တွေကိုသိသိချင်းထယ့်ကို လိုက်ရှာသေးတယ်။ဒါပေမယ့်ကိုယ်ကထယ့်အကြောင်းဘာဆိုဘာမှကိုမသိတော့ ကိုယ်လမ်းတွေပျောက်နေခဲ့တယ်။ပြီးတော့ထကိုယ်အဖေ့ဆီမှာအလုပ်ဝင်နေခဲ့ပြီသိလား။တကယ်လို့ထယ်ပြန်လာခဲ့ရင်လေ ထယ့်ကိုတောင်းပန်ပြီး ကိုယ်တို့ခမ်းခမ်းနားနားလက်ထက်နိုင်ဖို့အတွက်ပေါ့ထယ်ရာ။

ဒေါက် ဒေါက်
"Boss ကျွန်တော်ဂျောင်ဝူးပါ"

"အင်းဂျောင်ဝူး ဝင်လာခဲ့"

"Boss R&Q Group က ကုမ္ပဏီနှစ်ပတ်လည်ပွဲအတွက်ဖိတ်ထားပါတယ် Boss. အခုပြင်ဆင်မှအချိန်မီမှာပါ"

"အင်းအဲ့ဆိုလည်းပြင်ဆင်ကြတာပေါ့"
ထယ့်ကိုတစ်ဖက်ကအချိန်ပေးရှာရင်း မလုပ်မဖြစ်သောအလုပ်များကိုလည်းလုပ်ပေရဦးမည်။
.
.
.
.
.
"ထယ်ယောင်းရေ Taeguk လေးကိုသွားနှိုးပြီးပြီလား"

"ဟုတ်ကဲ့အစ်ကို နှိုးပြီးပြီ"
မီးဖိုချောင်ထဲကနေချက်ပြုတ်နေရင်း ခေါင်းလေးပြူထွက်လာကာ အဖြေပြန်ပေးလာသောထယ်ယောင်းဟူသောကောင်လေးကိုကြည့်၍ နမ်ဂျွမ်း မပြုံးပဲမနေနိုင်တော့။ တစ်ယောက်တည်းပြုံးပြီးရပ်နေသောသူ့ကို သက်ဆိုင်သူလေးကစကားချိုချိုသာသာလေးဖြင့်ပြောလာပါသည်။

Poisonous love (Completed)Where stories live. Discover now