KOREA

331 52 45
                                    

မနက်ခင်း နေရောင်ခြည်ကခပ်နွေးနွေး
ငှက်ကလေးတွေ ဟိုဟို ဒီဒီလှုပ်ရှားကြပြီ

Gangnamရှိအိမ်ကြီးမှာလဲ
နိုးထလျက်

မနက်စောစောတွင်အိမ်‌ဖော်လေးများ ဟိုထွက်ဒီထွက် ပျားပိတုန်းတွေ
အုံနေသည့်နှယ်ယောက်ယက်ခတ်လို့

"အဲ့တာနဲ့ သခင်လေးနဲ့ သခင်မငယ်
နိုးသွားတော့မယ်
နင်တို့ တိုးတိုးလုပ်စမ်းပါဟဲ့"

"သခင်လေးကလဲလေ ကြိုမပြောဘဲ
အမြဲရောက်ချလာတယ်
ညကရောက်ရောက်ချင်းပင်ပန်းနေလို့
မဆူတော့ဖူးလား အောက်မေ့တယ်
ဒီအိမ်ကြီးတစ်အိမ်လုံးကို ညဝက်နဲ့ဘယ်လိုလုပ်ရှင်းနိုင်မှာတုန်း"

"ဟဲ့ ‌တိုးတိုးပြောစမ်း ဂါယူး
6နာရီထိုးနေပြီ သခင်လေး
နိုးလာတော့မယ် တစ်ခါတည်း
အလုပ်ပါပြုတ်ဦးမယ်"

"အလုပ်တော့ပြုတ်လို့ မဖြစ်ဘူး
ဒီကလွဲ နေစရာလဲမရှိတာ တော်ပြီ အထိန်းတော်ကြီးရေ
အနောက်ဆောင်ကိုသွားရှင်းဦးမယ်
အရှေ့ဆောင်ကအကုန်ပြီးပြီလို့
သ‌ခင်လေးပြောလိုက်နော်"

အလုပ်ပြုတ်ဦးမယ်လို့
ခြိမ်းခြောက်လိုက်မှ
အိမ်ဖော်ခေါင်းဆောင်ဂါယူးလဲ
အခြားသူများအားခေါ်ပြီး
အနောက်ဆောင်သို့ သွက်သွက်ကြွလှမ်း‌သွားတော့သည်




****



ပတ်ဝန်းကျင်ကတိတ်တိတ်ဆိတ်ဆိတ်

အေးလိုက်တာ

နေရာကလဲ မရင်းနှီးနေဘူး

မျက်လုံးမဖွင့်ပေမဲ့ သူမသိသည်

မနက်ခင်းတိုင်းသူမအခန်းနား
ရစ်သီ ရစ်သီ လုပ်တတ်တဲ့ငှက်ကလေးအသံလဲမကြားရပါရော့လား

အဟင့် ဦးငယ်ကရော?

သူမစောင်ပုံထဲကကုန်းရုန်းထလိုက်သည်

"ဟင့် ဟင့် ဦးငယ်!!!!!!
ဗြဲ?!??!???"

ကင်မ်ထယ်ယောင်းတစ်ယောက်
ကလေးငိုသံသဲ့သဲ့ကြားရသဖြင့် မျက်လုံးအစုံကိုပွတ်သပ်

BOND : Endless of OceanWhere stories live. Discover now