Kuro 🧜🏻‍♀️

1.1K 72 11
                                    

"Kuro? Kuro?"

ခပ်ဝေးဝေးကနေအော်ပြေးလာတဲ့ Dandi

Dandiဆိုတာသူမအချစ်ရဆုံးသူငယ်ချင်းရေမြင်းလေး

"Dandi?"

"Kuro!!!

*Huff* *Huff*"

"Dandi ဘာဖြစ်လာတာတုန်း??"

ခပ်ဝေးဝေးကနေအသည်းအသန်ကူးခတ်လာပြီး အတော်မောနေပုံ
ပေါက်တာကြောင့်
ခရုခွံလေးတွေကိုစီနေရင်းကနေ
လှမ်းမေးလိုက်တယ်

"Kuro?!
Effy!! Effy !!
Effyကိုသဘော်အကြီးကြီးကဖမ်းသွားပြီ ငါမြင်လိုက်တယ်"

"ဟမ်!!!"

ရေယက်ကိုလျင်မြန်စွာခတ်ရင်
ဒန်ဒီ့လမ်းညွှန်အတိုင်းလိုက်သွားမိတော့သည်

ခရုခွံလေးတွေဟာ
ရေအောက်ကြမ်းပြင်မှာပြန့်ကျဲလျက်

Kuroဟာသူမရဲ့ရေယက်လှလှလေးကိုမနားတမ်းအလုပ်ပေးရင်းလျင်မြန်စွာကူးခတ်နေမိတယ်။

ရေအောက်ဘုရင်ကြီးရဲ့
တစ်ဦးတည်းသောသမီးတော်ဖြစ်တဲ့သူမဖို့
နန်းတော်ထဲကအရာရာဟာပျင်းစရာကောင်းလှသည် သို့သော် အက္ဖီ
အက်ဖီရှိနေလို့သာ
သူမ ခူရိုဆိုပြီးရှိနေတာပင်

Effyဆိုတာသူမအတွက်
မရှိမဖြစ်လိုအပ်တဲ့လိပ်ကလေး
အက်ဖီကငယ်သလောက်လူကြီးဆန်သည်
သူမကိုကောင်းကောင်းထိန်းချုပ်နိုင်သည်

သူငယ်ချင်းသက်တော်စောင့်လေးဆိုလဲမမှား

ခူရိုကအသက် 15နှစ်အရွယ်
ရေသူမလေး

သူမဟာရေအောက်ဘုရင်ကြီးရဲ့
သမီးတော်ဖြစ်တဲ့အပြင်
အများသူငါထက်
လှပတဲ့ရေယက်တွေရှိတာကြောင့်
သူမ၏ဖခင်ကအထိမခံ
ရွှေပေါ်မြတင်ထားသည် လိုလေသေးမရှိထားသည်
ဒါကြောင့်လဲ
ခူရိုမွာ 15နှစ်ပြည့်သည်အထိ
ဒီပင်လယ်ထဲနှံ့စပ်အောင်မသွားဖူးသေး
လွတ်လွတ်လပ်လပ်နေရတာ
ကြိုက်သည့်သူမအတွက်တော့ နန်းတော်ဆိုတာအချုပ်ခန်းလို

ဘယ်လောက်ပင် နန်းတော်ကိုမုန်းနေပါစေ
ရေမျက်နှာပြင်အထက်ကိုတော့သူမ
မတက်

အကြောင်းအရင်းကား

လူတွေကိုကြောက်သည်
အတ္တ မောဟ လောဘတွေနဲ့ပြည့်နှက်နေတဲ့လူတွေနဲ့တွေ့ရမှာကိုသေလောက်အောင်ကြောက်သည်

BOND : Endless of OceanWhere stories live. Discover now