ငါဆွဲထားတဲ့ မမြဲတဲ့လက်ကလေးရေ. . . . .
အချစ်ဆိုတဲ့အကြောင်းကို သူမနှင့်စသိခဲ့သည်
အလွမ်း၊ ဝမ်းနည်းမှု့၊ သတိရခြင်း၊ တမ်းတခြင်း၊ မက်မောခြင်း
စသည့်ခံစားချက်များက
သူမနှင့်အတူ ဒီရင်ဘက်တခြမ်းပေါ်တွင် ခံစားလာခဲ့သည်. . .
သူမနဲ့ရည်းစား စဖြစ်တော့ Onlineပေါ်မှာပင် . .
ကျွန်မဘက်က သူမကိုဖွင့်ပြောခဲ့သည်
သူမကလည်း လက်ခံလိုက်သည် အပျော်လွန်၍ ထိုနေ့တရက်လုံး အိပ်မရခဲ့ပေ
တစ်ပတ်လုံးလုံး သူမနှင့်လည်း အဆက်သွယ်မပြတ်ခဲ့ပေ. .
နှစ်ပတ်ပြည့်တဲ့နေ့အထိပင်တနေ့တော့ သူမကလမ်းခွဲရန်ပြောလာခဲ့သည် သူမကိုလမ်းမခွဲပေးနိုင်သော
ကျွန်မက ဆွဲထားခဲ့သည် 'ငါသေမှပဲ လမ်းခွဲလို့ရမယ်'. ဟု့သူမကိုပြောခဲ့သည်
သူမက ကျွန်မကို Messenger ရောFacebookမှာကော မBlockခဲ့ပေ
ပျော်မိပါသည် ထို့ကြောင့်လည်း ကျွန်မ သူမကို ဘယ်အချိန်ထိမဆို
စောင့်ပေးနိုင်ကြောင်း ပြန်အသိပေးခဲ့လေသည်
'တပတ်' သူငယ်ချင်းအနေနှင့် တပတ်ဆက်တိုက်
စာပို့အဆက်သွယ်လုပ်ခဲ့သည်ထို့နောက် သူမ ကျွန်မဆီပြန်လာခဲ့သည်
'လမ်းခွဲမယ်လို့ပြောတဲ့ စကားကစတာပါ ချစ်တယ်နော် မ' တဲ့
ထိုစကားလေးကြောင့် ကျွန်မသူပြောသမျှကိုပဲ မျက်လုံးစုံမှိတ်ပြီး ယုံလိုက်သည်
'နောက်တခေါက် ' သူမနှင့်နောက်တခေါက်ထပ်တွဲလိုက်သည်
သို့သော် ထိုဆက်ဆံရေးက ကြာရှည်မခံခဲ့ပေ မကြာပါဘူး နှစ်ယောက်လုံး
လမ်းခွဲမယ်မပြောဘဲ ဖြစ်ခဲ့သည်များကိုပြန်ကြည့်ရင်း
နှစ်ဦးသားသဘောတူစွာ အသံတိတ်လမ်းခွဲကြလိုက်ပါတော့သည်ထိုဆက်ဆံရေးကြာရှည်မခံခြင်းမှာလည်း သူမပေးခဲ့သောဒဏ်ရာများက
နှလုံးသား တခုလုံးရစရာမရှိအောင်ဖြစ်သွားခဲ့သည် ထို့ကြောင့်ပဲ
နောက်ဆုံးအနေနှင့်ကျွန်မသူမပေါ်သို့ စိတ်ထဲကနေသာပြောလိုက်သည်
💔မင်းနဲ့ပတ်သတ်လို့လည်း ငါ့မှာကြေကွဲစရာမရှိပါဘူး
မင်းကိုလည်း မုန်းတယ်
မင်းကိုချစ်တဲ့ငါ့ကိုငါလည်းမုန်းတယ်
တခုပဲ မင်းသာ ဝဍ်ပြန်မလည်ပါစေနဲ့💔#မိုးမခ(Pepani niang)
YOU ARE READING
One Hour Feeling about U
Short Storyဒီထဲက စာတွေကလေ တခန်းရပ် ခံစားချက်တွေပါနော် ပုံပြင်မဟုတ်ပါဘူး ဖတ်ရတာကြိုက်မယ်လို့မျှော်လင့်ပါတယ်🥺