About U-2

2 0 0
                                    

💘သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ💔

မင်းနဲ့တွေ့လိုက်တဲ့ အချိန်တိုင်းမှာ ငါ့ရင်ခုန်သံတွေမြန်လာတယ်
မသေချာမရေရာတာ မဟုတ်ရပါဘူး တကယ်အစစ်အမှန်တွေပါ
အတုယောင် ခံစားချက် ဟူသည် တစ်စက်မျှမပါရှိခဲ့. .
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . . . .

မင်းနဲ့ရန်ဖြစ်ရတဲ့နေ့တွေဆို အချိန်နဲ့ စက္ကန့်အမျှ
ငါ့ရင်ထဲမှာ ဆို့နင်ကြေကွဲနေမိ
ဖန်နှလုံးသားလေးကို ထုရိုက်ခွဲလိုက်သလိုပင်
ငါနှလုံးသားတွေကလည်း အစိတ်စိတ်အမြွှာမြွှာကြေကွဲခဲ့ရတယ်
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . . . . .

မင်းနဲ့ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေဆို ငါ့နှုတ်ခမ်းလေးတွေကို
ကွေးမတက်ပြုံးထားနေမိတယ် ရင်ထဲမှာ ကုလားဘုရား
လှည့်လည်နေသလို ပျော်ရွှင်နေခဲ့တယ်
ဒီကမ္ဘာမှာ ငါ့လောက်ပျော်တဲ့သူ ရှိမှာမဟုတ်ဘူး
လို့တောင် ထင်မိပါသည်
သို့သော်မင်းမသိနိုင်ခဲ့ပါ. . . . .

မတွေ့ရတဲ့နေ့တွေဆို သတိရနေမိတယ်
ဘယ်လောက်သတိရသလဲဆိုတော့
သတိရတယ်ဆိုတာထက် ပိုတဲ့ခံစားချက်တွေနဲ့
အချိန်တိုင်းလွမ်းနေမိခဲ့ပါရဲ့
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . . .

မင်းဝမ်းနည်းတဲ့အချိန်လေးဆို ငါ့မှာကမ္ဘာပျက်မတက်
ဖြစ်ပျက်နေမိတယ် မင်းပျော်အောင် ဘာလုပ်ရမလဲဆိုပြီး
ခေါင်းမီးတောက်မတက် ဦးနှောက်ခြောက်မတက်စဥ်းစားခဲ့တယ်
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . . . .

မင်းဘက်က လမ်းခွဲစကားကို စနောက်သလိုပြောလိုက်တဲ့အချိန်တိုင်း
ငါရင်ဘက်က မင်းကြောင့်ဖြစ်တည်လာတဲ့ တချို့တလေက
ပြိုလဲသွားသည် ခံစားနေရတဲ့ မျက်ဝန်းတစ်စုံကို အသက်မဲ့အပြုံးတခုနဲ့
ရင်နာနာပဲကာဆီးလိုက်ရပါတော့သည်
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . . .

ငါ့ကိုထားသွားပြီး တခြားတယောက်ရဲ့ရင်ခွင်မှာ ပျော်နေတဲ့မင်းကို
မပျော်ပါနဲ့လို့လည်း မတားဆီးရဲပါ ထိုအချိန်မှာ ငါလုပ်နိုင်တာတခုကတော့
မင်းကိုငဲ့ညာသောအနေဖြင့် ရင်နာနာနဲ့ကျောခိုင်းခြင်းပင်ဖြစ်သည်
သို့ပေမဲ့ မင်းမသိနိုင်ခဲ့ပါ. . .. .

နောက်ဆုံးအနေနဲ့  ဒီရင်ခွင်ကို ပြန်လာချင်တယ်ဆိုလည်း
ကြိုဆိုနေလျှက်ပါ မင်းအတွက်ဆို ဒီရင်ခွင်က
နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့တယ်   သတိရမိတယ်ဆို ပြန်လာခဲ့ပေးပါ
မင်းအတွက်အကြောင်းပြချက်မရှိ လက်ကမ်းကြိုဆိုဆဲပါ
သို့. ပေ. . မဲ့. . မင်းမသိနိုင်ခဲ့သေးပါ. . . . . . . .

@pepani niang

You've reached the end of published parts.

⏰ Last updated: Oct 24, 2021 ⏰

Add this story to your Library to get notified about new parts!

One Hour Feeling about UWhere stories live. Discover now