Part (3)

4.4K 131 4
                                    

[ Unicode]

♣ ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော ♣

♣Part (3) ♣

ဒေါ်ခွန်းရှိန်က ဆုလတ်အရှေ့မှာ ရပ်ကာ ခေါ်နေပေမယ့်လည်း ဆုလတ်မှာတော့ အတွေးထဲမှာ နစ်မြောနေသဖြင့် အရှေ့က ခေါ်နေသည်ကို မကြားချေ ။ ဒေါ်ခွန်းရှိန်လည်း သူမခေါ်တာကို အရေးမစိုက်သော ဆုလတ်၏ လက်အား ဆွဲစောင့်လိုက်သောကြောင့် ဆုလတ်မှာ နာကျင်လွန်းလို့ မျက်ရည်ပင်ဝဲတက်လာလေသည် ။ ဆုလတ် မျက်ရည်ဝဲနေသည်ကို ဒေါ်ခွန်းရှိန်က ဆုလတ်၏ မျက်နှာကို လက်ဖြင့် ညှစ်ကာ ပါးစပ်မှလည်း

'' ဒေါ်ဆုလတ် ငါ့အရှေ့မှာ မျက်ရည်ချောင်းလာစီးမယ် မစဥ်းစားနဲ့နော် ။ နင့်ကိုငါဘာမှတောင်မလုပ်ရသေးဘူးနော်... ''

'' တီခွန်းကလည်း ဆုလတ်က ဘာပြောရသေးလို့လဲ... ''

ဆုလတ်ပြောသည်ကို ဒေါ်ခွန်းရှိန်က ပြန်ပြောမည်အလုပ်
ဦးလှအေးက ကြားဝင်၍ ဆုလတ်ဘက်သို့လှည့်ကာ

'' သမီး ဆုလတ် ကိုယ့်အခန်းကိုယ်သွားတော့... ''

'' ဒါပေမယ့် ဦးငယ်... ''

'' ဦးငယ်က သွားလို့ပြောရင် သွားလိုက်... ''

'' ဟုတ်... ''

အခုဖြစ်တဲ့ ပြဿနာမှာ ဆုလတ် အပြစ်မရှိကြောင်း ရှင်းပြချင်ပေမယ့်လည်း ဦးလှအေးက ကြားထဲက ဝင်ကာ ကိုယ့်အခန်းကိုယ်ပြန်ဟု အမိန့်ပေးသလိုပြောလာသောကြောင့် လေးလံသော ခြေလှမ်းများဖြင့် အိမ်ပေါ်သို့ တက်ခဲ့လေသည် ။

ဦးလှအေးလည်း ဆုလတ် အိမ်ပေါ်သို့တက်သည်ကို မျက်စိတဆုံးလိုက်ကြည့်၍ နောက်ဆုံးဆုလတ်အခန်းထဲသို့ရောက်သွားပြီဆိုမှ ဒေါ်ခွန်းရှိန်ဘက်သို့လှည့်ကြည့်ရာ ဒေါ်ခွန်းရှိန်က ဒေါသထွက်သည့်မျက်ဝန်းများဖြင့် ဦးလှအေးကိုကြည့်ကာ ပါးစပ်မှလည်း

'' ယောကျ်ား ဒါဘာလုပ်တာလဲ ။ ခွန်း ဟိုကောင်မလေးကို ရှင်းပြနေတယ်မလား ။ စကားပြောနေတယ်မလား ။ ဘာလို့အမြဲတမ်းကြားကနေဝင်ချင်ရတာလဲ ။ ခွန်းစကားပြောနေရင်နောက်ဆို အလယ်ကနေ ဝင်မပါနဲ့... ''

'' Aww ခွန်းရယ် တုံးအလှချည်လား ။ ''

'' ဘာ ...''

ချစ်ခြင်းများဖြင့်ပြောင်းလဲစေခဲ့သော (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ