🏰 10 🏰 (Zawgyi)

53 2 6
                                    

❄️🏰❄️

စာသင်နှစ်ရဲ့ သုံးပုံတစ်ပုံလောက်ရောက်တော့ ကျောင်းတွေရဲ့ ထုံးစံအတိုင်း Tutorial တွေနဲ့ Assignment တွေ တင်ဖို့ ရောက်လာတယ် နောက်ဆုံးနှစ်တွေသာပဲ ကိုယ်ပိုင် project ကိုယ်စီနဲ့ ကျောင်းက self study ပေးထားတယ်

နောက်ဆုံးနှစ်ကျောင်းသားတွေကလွဲလို့ Library တွေမှာ စာလုပ်တဲ့သူတွေနဲ့ အမြဲ ပြည့်နေတတ်တယ် White Castle ကို အပြင်လူတွေပါ လာရောက်တတ်တာကြောင့်လဲ အမြဲလိုလို လူတွေနဲ့ ပြည့်နှက်နေတယ်

Library မှာ နေရာဦးဖို့ မနက် အစောကြီးထဲက ထပြီး နေရာဦးကြသူတွေလဲ ရှိတယ် အဲ့ထဲမှာ Jong In လဲ အပါအဝင်ပဲ ဖြစ်တယ် Library မှာ part-time လုပ်ရပေမယ့် ဒီနှစ် Jong In ရဲ့ တာဝန်က စာအုပ်တွေနေရာတကျ ပြန်စီပေးရုံသာ

အဲ့တာကြောင့် ဖတ်ချင်တဲ့ စာအုပ်တွေ assignment အတွက် လိုတဲ့ စာအုပ်တွေပါ နေရာကြိုရှာထားတတ်တယ် စာမေးပွဲနီးမှ စာလုပ်တတ်ကြတဲ့ Baekhyun တို့ကတော့ အမြဲစာလုပ်တတ်တဲ့ Jong In ရဲ့ ကြိုးစားမှုကို အမြဲ ချီးကျူးကြတယ်

အဲ့တာကြောင့် Jong In တစ်ယောက် သူ့ part time ချိန်မဟုတ်လဲ Library မှာ သောင်တင်နေတယ် စားချိန်နဲ့ အိပ်ချိန်နဲ့ အတန်းချိန်ကလွဲရင် အမြဲလိုလို Library ရောက်နေတတ်တယ်

Wifi free ပေးထားတဲ့အတွက် လိုတဲ့ စာရှာလိုက် ပုံလေးဆွဲလိုက် Game လေးဆော့လိုက်နဲ့ တစ်နေ့တာကို အေးအေးဆေးဆေး ဖြတ်သန်းနေတယ်

အခုလဲ သူ့တာဝန်ချိန်ပြီးတော့ စာအုပ်တွေလိုက်သိမ်းနေတုန်း Baekhyun ရောက်လာပြီး နေ့လည်စာစားဖို့လာခေါ်တော့ စာကြည့်တိုက်မှူးကို ခွင့်တိုင်ပြီး ကန်တင်းဖက်ထွက်လာလိုက်တယ်

ကန်တင်းဆီသွားတဲ့ လမ်းတစ်လျှောက် ဖုန်းကိုပဲ သဲကြီးမဲကြီးပွတ်နေလို့ မတိုက်မိအောင် Jong In ကပဲ လိုက်ထိန်းနေရတယ်

' Baekhyun na လမ်းကို ကြည့်လျှောက်စမ်းပါ ပြီးမှ ဖုန်းကိုကြည့် '

' မင်းကလဲ ကျောင်း page က ထူးဆန်းတဲ့ သတင်းတက်လာလို့ ဖတ်မလို့ဟာ အဝိုင်းလည်နေတာနဲ့ ဖတ်မရသေးဖူး '

' ပြီးမှ ဖတ်စမ်းပါ လာ တန်းစီရအောင် တော်ကြာ ဝက်သားကတ်တလိပ် မကျန်ပဲ နေတော့မယ် '

White Castle 💙 🏰🏰 [Hiatus]Où les histoires vivent. Découvrez maintenant