"ကျစ် wasabi တွေမထည့်ပါဘူးလို့ သေချာပြောလိုက်တာကို"
ကျွန်တော်ခပ်တိုးတိုးညည်းလိုက်တော့ သူကမုန့်စားနေရာက မော့ကြည့်လာတယ်။
"မကြိုက်ရင် ကိုယ့်ကိုပေးလေ"တဲ့။
First Date မို့လို့ထင်တယ်။နှစ်ယောက်လုံးက ရှိုးတိုးရှန်းတန်းနဲ့။
ဆယ့်ရှစ်နှစ်ပြည့်ကာစ လူပျိုလေးတစ်ယောက်က သုံးဆယ်နားနီးနေတဲ့ဦးလေးကြီးတစ်ယောက်နဲ့တွဲတယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ထုံးစံအရ "ငွေရှိလို့ကပ်တယ် ဘာညာ"ပြောကြမှာပဲ။တကယ်တမ်းကျ ကျွန်တော်တို့ဟာ ရိုးရိုးလေးတွေ့ဆုံပြီး ရိုးရိုးလေးပဲချစ်ခဲ့ကြရုံပါ။သာမန်အတွဲတွေလိုပါပဲ။
တစ်ယောက်ပျော်နေတာကို တစ်ယောက်ကငေးကြည့်ရင်း ၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုပေးရင်းနဲ့ပေါ့။နှစ်ယောက်လုံးက ယောက်ျားသားတွေဖြစ်ပြီး Age gap ကွာသွားရုံလေးပါ။ငွေမှင်ရောင်မျက်မှန်ကိုင်းလေးနဲ့ အသားအရေခပ်လတ်လတ်ရှိတဲ့လူကြီးက အုန်းမှုတ်ခွက်ကေနဲ့ပုံတုန်းနေတဲ့ကျွန်တော့်ကို ဘာကြည့်ကြိုက်လဲမသိဘူး။သူပြောတာကတော့ ရယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာတာကို သဘောကျလို့ပါ တဲ့။ပါးချိုင့်ပါတဲ့ကောင်မလေးတွေမှ အများကြီးကို လို့ပြန်ပြောတော့ မင်းကိုပဲကြိုက်တာပါတဲ့လေ။
ကျွန်တော်တို့တွေ လျှောက်လည်ကြတယ်။အဆင့်မြင့် ဈေးဝယ် Centre ကြီးတွေထက် မြို့ထဲကစာအုပ်အဟောင်းတန်းလမ်းကိုပဲလျှောက်ဖြစ်တယ်။အရပ်ပုတဲ့ကျွန်တော်က အမြဲတမ်းသူ့ပခုံးအောက်မှာ။
တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသွားဖူးရင်းအပြန်မှာ ရှမ်းခေါက်ဆွဲဝင်စားတယ်။နှစ်ယောက်လုံးက Horror Movie တွေကြိုက်တတ်တာမို့ ဇာတ်ကားအသစ်ရုံတင်တိုင်း သွားကြည့်ကြတယ်။သိစေချင်ပါတယ်။ပြည့်သူ့ရင်ပြင်မှာ ရိုလာကိုစတာစီးရင်း သူ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်ဆိုတာ တစ်ဘဝလုံးစာ ယုံကြည်အားကိုးလို့ဖြစ်ကြောင်း။
ကျွန်တော်ကလည်းကျောင်းတစ်ဖက် သူကလည်းအလုပ်တစ်ဖက်နဲ့မို့ မအားကြလည်း ကျိုက်ခေါက်ဘုရားပွဲဈေးကိုတော့ မလွတ်စေရဘူး။
YOU ARE READING
He/Him
Short StoryUnicode+Zawgyi ယောကျ်ားနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပဲ။ ယောက်ျားနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပဲ။