"ပြန်တော့လို့ပြောနေတယ်လေ"ကျွန်တော်ပြောနေတာတွေက သူ့နားထဲမဝင်သလိုအမူအရာမျိုးနဲ့ အင်္ကျီကိုချွတ်ဖို့ကြိုးစားနေတာကြောင့် လက်နဲ့အတင်းကာမိတယ်။
"ရေပတ်တိုက်ပေးတာမကြိုက်ရင် ဆေးရုံသွားရမယ်"
"ရေပတ်လည်းမတိုက်ဘူး ဆေးရုံလည်းမသွားဘူး ခင်ဗျားလည်းပြန်တော့။ဟက် ကျွန်တော်အဲ့လောက်အပေါစားဆန်မှန်းမသိခဲ့ဘူး။ကျွန်တော်လည်း ယောကျ်ားပဲဗျ။မိန်းကလေးတွေကို စိတ်ဝင်စားတာပေါ့။ဒါပေမယ့် ခင်ဗျားကိုချစ်လွန်းလို့ ပတ်ဝန်းကျင်ကပြောသမျှကို မကြားချင်ယောင်ဆောင်ပြီး ခင်ဗျားကိုပဲ တွယ်ကပ်နေခဲ့တာ။ဟား ဟား တော်တော်အရှက်မရှိခဲ့တာပဲ"
သူက ကျွန်တော့်ကိုခပ်ငေးငေးကြည့်နေရာကနေ ဒုတိယအကြိမ်သက်ပြင်းထပ်ချတယ်။ပြီးတော့ ကျွန်တော့်လက်က ဒဏ်ရာကိုမြင်သွားပုံရတယ်။
"လက်ကဘာဖြစ်တာလဲ"
လက်ကောက်ဝတ်ကနေအသာဆွဲယူပြီးမေးတော့ လက်ကိုပြန်ရုတ်လိုက်တယ်။
"စိတ်ပူပြနေတာတွေ တော်သင့်ပြီ"
ကျွန်တော့်ပခုံးတွေကိုတင်းတင်းဆုပ်ကိုင်ကာ မျက်လုံးကိုသေချာစိုက်ကြည့်ပြီး.....
"အရာအားလုံးအတွက် တောင်းပန်ပါတယ်။ဒါတွေက လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တာတွေချည်းပဲ။သိတယ် ၊ မင်းကိုယ့်ကို ဘယ်လောက်စိတ်နာနေလဲဆိုတာ ကိုယ်သိတယ်။ဒါပေမယ့် နောင်တချိန်ကျရင် မင်းနားလည်လာပါလိမ့်မယ်"
"လောလောဆယ် ကျွန်တော်အရမ်းပင်ပန်းနေတယ်။ဘာမှမပြောချင်ဘူး"
သူ့ကိုကျောပေးပြီးမျက်လုံးတွေကို မှိတ်လိုက်တာနဲ့ အချိန်ခဏလေးအတွင်းမှာ အိပ်မောကျသွားတယ်။သူပြန်သွားလား မပြန်ဘူးလားမသိတော့ဘူး။ခေါင်းကလည်းသိပ်မကြည်တာမို့ သတိကရတစ်ချက် မရတစ်ချက်နဲ့။
ပြန်နိုးလာတော့ နေရတာနည်းနည်းသက်သာလာတယ်။အိပ်ပျော်တာကိုစောင့်ပြီးရေပတ်တိုက်ပေးသွားတယ်ထင်ပါရဲ့။ကြည့်လိုက်တော့ ညာဘက်လက်မှာလည်း ပတ်တီးစည်းထားတယ်။

YOU ARE READING
He/Him
Kısa HikayeUnicode+Zawgyi ယောကျ်ားနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပဲ။ ယောက်ျားနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပဲ။