Remember Me Pt 1(uni &zawgyi)

1.4K 68 7
                                    

"ahh...ခွမ်း......"

"Jiminကိုယ်တော်တော့လို့ပြောနေတယ်လေကွာ"

Taehyungရဲ့အခန်းထဲရှိပစ္စည်းများအားတစ်ခုပြီး
တစ်ခုဖျက်ဆီးပြီးရှိသမျှဒေါသတွေအကုန်ပေါက်ကွဲနေတဲ့
Jiminပင်။

"Jiminငါမင်းကိုတော်တော့လို့ပြောနေတယ်လေ။
မင်းဒေါသထွက်နေတာငါမလား။ဘာမှမဆိုင်တဲ့ပစ္စည်းတွေကိုဖျက်စီးမနေပဲနဲ့လာငါ့ကိုသာမင်းကျေနပ်အောင်လုပ်လိုက်။လာလေငါ့ကိုထိုးလိုက်။"

Taehyung ၊Jiminရဲ့လက်ကိုယူကာသူ့ပါးပေါ်တင်လိုက်ကာ

"ရိုက်လိုက်Jiminမင်းငါ့ပါးကိုရိုက်လိုက်စမ်းပါ။မင်းမကျေနပ်သေးဘူးဆိုရင်ဟိုကမှန်ကွဲစနဲ့ပါငါ့ထိုးလိုက်။မင်းမကျေနပ်တဲ့သူကငါမို့လို့ငါ့ကိုသာမင်းကျေနပ်အောင်အပြစ်ပေးလိုက်။ခုလိုတွေလျှောက်လုပ်နေမနေနဲ့။မတော်ရင်မင်းထိခိုက်မယ်။"

"မင်းကအပြောတော့ကောင်းသားပဲနော်Taehyung။အေးပေါ့လေ။ဒီလိုအပြောကောင်းလို့ပဲမိန်းကလေးတွေကိုကြိုက်သလိုကစားနိုင်တာပေါ့။ငါကိုယ်တိုင်တောင်မင်းလှည့်ခဲ့တဲ့လှည့်ကွက်တွေ၊စကားလုံးတွေကြားမှာသာယာခဲ့သေးတာပဲ။"

"Jiminတော်တော့.."

"ဟက်...မင်းကငါ့ကိုနောက်တစ်ကြိမ်မင်းဆီမှာအရူးလုပ်ခံစေချင်နေတာလား။မင်းစိတ်နဲ့ပဲအသက်ရှင်နေတဲ့သူကိုမင်းစိတ်နဲ့ပဲသေလူဖြစ်အောင်ထပ်လုပ်ချင်နေသေးတာလားဟင်။"

"Jiminရယ်ကိုယ်တောင်းပန်ပါတယ်ကွာ။ကိုယ့်ကိုအက်စကားတွေနဲ့မသတ်ပါနဲ့တော့။"

"ဘာလို့လဲTaehyung။ဘာလို့လဲ၊ငါ့ကိုဒီလိုပြန်တွယ်ကပ်နေရတဲ့အကြောင်းအရင်းကဘာလဲ။မင်းငါ့ဆီကဘာတွေလိုချင်နေသေးလို့ဟင်။"

"ကိုယ်မင်းကိုပြောပြီးသားပဲJimin။ကိုယ့်ကိုဘယ်နှစ်ခါလောက်ထပ်မေးနေဦးမှာလဲ။ကိုယ်မင်းကိုချစ်လို့၊မင်းပေးခဲ့အချစ်တွေအတွက်၊မင်းခံစားခဲ့ရတာတွေအတွက်
ကိုယ်ကကိုယ့်အချစ်တွေနဲ့ပြန်ကုစားပေးချင်လို့။
မင်းဆီကခွင့်လွှတ်မှုကိုကိုယ်ကကိုယ့်အချစ်တွေ၊
ဂရုစိုက်မှုတွေနဲ့အလဲအလှယ်လုပ်ပြီးတောင်းခံချင်ရုံလေးပါကွာ။"

Remember Me Where stories live. Discover now