Remember Me Pt-3(uni& zawgyi)

393 42 10
                                    

အတိတ်နေ့ရက်များဆီက

###

"Tae yahh.......မင်းကလည်းကွာရှာလိုက်ရတာ။ဒီရောက်နေတာကိုး.....။"

"Jiminမင်းကလဲကွာဘာကိစ္စရှိလို့လဲ။"

သူ့‌အတွက်နဲ့အ‌မောတကော‌ပြေးလာပေမဲ့လည်းမြင်လိုက်ရတဲ့မြင်ကွင်းကအမောခံရကျိုးမနပ်လိုက်တာ။
Taeနဲ့အနုပညာမေဂျာကqueenတို့ရီရီမောမောနဲ့စကားတွေ‌ပြောနေကြခြင်းပင်။
စကား‌ပြော‌နေတယ်ဆိုတာထက်အီစီကလီလုပ်နေကျတယ်ဆိုပှိမှန်မလားပဲ။
ငါကလည်းနော်ဒီလိုမျိုးကကြုံနေကျပဲကိုအခုထက်ထိကျင့်သားမရသေးဘူးလား။
ခုထက်ထိနာကျင်နေသေးလား။ငါမင်းနဲ့ပတ်သတ်ရင်အက်လောက်ပျော့ညံ့တာပဲလားကွာ။

"ဟေ့ကောင်jiminဘာဖြစ်လို့လဲလို့။"

"‌ပြောပါမယ်မင်းကလည်း။မောလို့ခန‌နားနေတာပါကွာ။"

"မောမှာပေါ့ကျားလိုက်သလိုပြေးလာတာကို။"

မောနေတာလူမဟုတ်ဘူးTaeရေ။မင်းကိုချစ်‌မိနေတဲ့နှလုံးသားကမောပန်းနေလွန်းလို့ပါကွာ။

"ဟေ့ကောင်ငူငိုင်မနေနဲ့မြန်မြန်ပြောကွ။Yunaကိုအားနာစရာကြီး။"

"ရပါတယ်Taehyungရယ်။ကျွန်မကလည်းနောက်တစ်ချိန်ကအားပါတယ်။အေးဆေးပေါ့။"

ရုံးပတေသီးလိုပျစ်ချွဲနေတဲ့အသံနဲ့Taeကိုပြောနေတာရွံစရာ။

"ပြောမှာပါ။မင်းappaတို့ဒီနေ့ပြန်ရောက်မှာတဲ့။အက်တာမင်းအလည်လွန်ပြီးညဉ့်နက်မှအိမ်ပြန်ရင်တီလေးတို့နဲ့တည့်တိုးပြီးမင်းမာလကီးယားသွားမှာကြောက်လို့လာပြောတာဟေ့။"

"မင်းဟာကဟုတ်ရောဟုတ်ရဲ့လား။မင်းဘယ်လိုလဲသိလဲ။Appaတို့ပြောသွားပုံအရဆိုနောက်နှစ်ရက်လောက်နေမှပြန်ရောက်မှာပါ။"

"ငါမနက်ကခေါင်းမူးလို့အိမ်မှာပဲနားနေတာ။တီလေးတို့နဲ့Appaတို့ဖုန်းပြောနေတာကြားလို့
မင်းဒုက္ခရောက်မှာကြောက်လို့အမြန်ပြေးလာခဲ့တာအရူးရဲ့။"

"ခေါင်းကိုက်နေတာလား။Jimin။၊"

"အင်းနည်းနည်းပါ။"

"နေရောကောင်းရဲ့လား။"

ခေါင်းကိုက်နေတယ်လို့ပြောတော့စိတ်ပူပြီးချက်ချင်းအဖျားရှိလားဆိုပြီးနဖူးကိုသူ့လက်လေးနဲ့လာစမ်းတဲ့Tae။
ဒါကကျွန်တော်သဘောကျရတဲ့Taeဆီကအပြုအမူလေးတစ်ခုပင်။ကျွန်တော့်ကိုစိတ်ပူပေးတာလေးပေါ့။
ဒီလိုအပြုအမူ‌ေလးတွေကပဲကျွန်တော့်အတွက်မျှော်လင့်ချက်ရောင်ခြည်လေးတွေပဲလေ။
သူအက်လိုအပြုအမူလေးတွေလုပ်တိုင်းကျွန်တော်ရှေ့ဆက်တိုးချင်လာတယ်မဖြစ်နိုင်မှန်းသိသိကြီးနဲ့တောင်ပေါ့။

Remember Me Hikayelerin yaşadığı yer. Şimdi keşfedin