- 24 -

973 125 48
                                    

TRAGIC ( 24 )

Unicode

" အဆင်ပြေပါ့မလား ? "

ရိုမီက ဂျောင်ကုလက်ကို တင်းတင်းဆုပ်ကိုင်လိုက်
ပြီး ပြောလိုက်သည် ။

" ပြေပါတယ် ! သူတို့က ကိုယ့်သူငယ်ချင်းတွေပါပဲ ။
တစ်ခြား ဘာမှ ပိုမထူးခြားဘူး "

ဂျောင်ကုက စိတ်လှုပ်ရှားနေတဲ့ ရိုမီ့ကို ရွှန်းရွှန်းစစ
​ကြည့်နေသည် ။

" ဟုတ်ပါပြီ ... ဒါဆိုလည်း အထဲဝင်ကြတာပေါ့ ! "

ရိုမီ အဆင်သင့်ဖြစ်ပုံပေါ်မှ ဂျောင်ကုက လက်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ဆိုင်ထဲကို
ဝင်လာသည် ။

ဆိုင်ကတော့ ဟိုတယ်တမျှ ကြီးမားပြီး ဈေးကြီး
မည်လို့ အမြင်နဲ့တင် သိနေရသည် ။

ဒါက လူချမ်းသာတွေ ညစာစားတတ်တဲ့ နေရာမျိုး
လား ဆိုတာ အံ့သြမှင်သက်မိသည် ။

" ဂျွန် !!!! ရောက်လာပြီလား ? "

အရင်ရောက်နှင့်နေပြီးသော အမျိုးသားတစ်ဦးနဲ့
အမျိုးသမီးတစ်ဦးက ဂျောင်ကုကို ထလျက်ဖိတ်
ခေါ်နေသည် ။

" အာ ... ရောက်နေပြီပဲ ! ဆောရီးကွာ ငါတို့နည်း
နည်း နောက်ကျသွားတယ် "

" ရပါတယ်ကွာ ! "

" မင်းတို့ကို မိတ်ဆက်ပေးရဦးမယ် ။ ဒါ ငါ့ကောင်
မလေး ဆယ်ရိုမီတဲ့ ။ ရိုမီ ! ဒါက ကင်ဝူယောင်း ဒါက
ချွဲအင်နာ တဲ့ "

ဂျောင်ကုက ရိုမီ့ကို လှည့်ကြည့်ကာ တစ်ယောက်
ချင်းစီနဲ့ သေချာ မိတ်ဆက်ပေးသည် ။

" အာ ... မင်္ဂလာပါ ဂျွန်ဂျောင်ကုရဲ့ ကောင်မလေး
ဆယ်ရိုမီလို့ ခေါ်ပါတယ် "

ဂျောင်ကုက ရိုမီ့ ပုံစံကို ကြည့်ပြီး အူတွေယား
နေသည် ။

ကိုယ့်ကိုကိုယ် ဂျွန်ဂျောင်ကု ကောင်မလေး လို့
မိတ်ဆက်နေပုံများ တစ်သက်လုံး ပိုချစ်ပေးချင်
စရာ ။

" ကဲ ... ထိုင်ကြလေ ! "

ဒီလိုနဲ့ တွေ့ဆုံပွဲက ကောင်းကောင်း အဆင်ပြေနေ
ခဲ့သည် ။ များသောအားဖြင့် ဂျောင်ကုနဲ့ သူငယ်
ချင်းတွေက အရင်က အကြောင်းတွေ ပြောဖြစ်ကြ
သည် ။ ရိုမီ့အနေနဲ့ကြီးကြီး မားမား နေရခက်နေတာ
မျိုး မရှိတာဘဲ ကြီးကြီးမားမား ပြောစရာလည်း မရှိ
တာကို ကျေးဇူးတင်မိသည် ။

TRAGIC  • JUNGKOOK X OCWhere stories live. Discover now