- 22 -

1K 136 45
                                    

TRAGIC ( 22 )

Unicode

" ရိုမီ ... ဒီဟာ ကြိုက်တယ်မလား ? "

ဆယ်မင်းက ရိုမီ ကြိုက်တတ်တာတွေကို ပန်းကန်
ထဲထည့်ပေးရင်း အသားတွေကိုလည်း လှီးဖြတ်
ပေးသည် ။

ဂျောင်ကုက ရိုမီ့ ဘေးနား ထိုင်လျက် စားနေပေ
မယ့် ချစ်သူ ဖြစ်သူ ဂျောင်ကု က ဘာမှ မလုပ်
ပေးရအောင်ထိ ဆယ်မင်းက အပိုလုပ်ပြနေသည် ။

" ဆယ်မင်း ! ရပါတယ် ... "

ရိုမီက ဂျောင်ကုကို တစ်ချက်ကြည့်လိုက်ကာ
ဆယ်မင်းကို ပြောလိုက်သည် ။

" ဘာလဲ ? အရင်က ငါ ဒီလို လုပ်ပေးတာပဲ စား
နေကျကို .. အခုတော့ အချိုးပြောင်းပြီပေါ့ ! "

ဆယ်မင်းက တမင် ပြဿနာဖြစ်မယ့် စကားတွေ
ကို ရွေးပြောနေသလိုပင် ။

ဂျောင်ကုက ကြိတ်ကာ ရီမိသည် ။

ဘယ်ချိန်ထိ သရုပ်ဆောင်နေကြမှာလဲ ။ သဝန်
မတိုပါဘူးဆိုနေ ဆယ်ရိုမီလေးရယ် ဘယ်လိုလုပ်
မလဲ !

" ဆယ်မင်း ပြောင်တာ တော်တော့ ! ဒါနဲ့ နင်က
ငါတို့ ကုမ္ပဏီမှာ သိတဲ့သူရှိတယ်လား ။ ဘယ်သူ
လဲ ? "

ရိုမီက စကားလွှဲကာ အမြန် စကားဝိုင်းကို ပြောင်း
လိုက်သည် ။

" အာ ... နာမည်က ချွဲဘိုရာတဲ့ ။ မှတ်မိပါ့မလား
တော့မသိဘူး ။ ငါတို့ ငယ်ငယ်တုန်းက ဘေးခြံ
မှာ ရှိတဲ့ ကလေးမလေးလေ ... "

ရိုမီက တစ်ခုခုကို မှတ်မိသွားပုံရကာ တအံ့တသြ
ဖြစ်နေသည် ။

" အဲ့ဒီ ကလေးမလေး ... အဲ့သေးသေးလေးက
ဒီအရွယ်တောင်ရောက်နေပြီလား ။ "

" ဟုတ်တယ် ! ငါတို့က သူ့ကို ဆယ်ဗြောလို့ပဲ
ခေါ်တော့ နာမည်ရင်းမသိဘူးဖြစ်နေတာ ခုကျ
မှ သူက အဲ့နာမည်အရင်းနဲ့ ။ မင်း ဆိုးလ်ကို
ထွက်သွားတော့ သူလည်း သိပ်မကြာဘူး ထွက်
သွားပြီး ကျောင်းသွားတက်တာ "

" အာ ... အဲ့လိုလား ? အချိန်တွေလည်း အတော်
ကြာပြီကိုး သူလည်း အရွယ်ရောက်ပြီကို "

" အဲ့တာ အခုကဖြစ်ချင်တော့ ငါတို့တွေ မထင်
မှတ်ဘဲ သူငယ်ချင်းတွေ ဆိုးလ်မှာ ပြန်တွေ့ကြ
ရင် ဘိုရာ ပါ ပါလာတာ ။ ရေစက်တွေလားတော့
မသိပါဘူးဟာ ။ ဆန်းမီတို့ရော မင်ဟိုတို့ရော
ဆက်စပ်ပြီး အကုန်ပြန်တွေ့ကြတယ် ။ အခု မင်း
ကိုပါ တွေ့တယ်ဆိုတော့ ... "

TRAGIC  • JUNGKOOK X OCTahanan ng mga kuwento. Tumuklas ngayon