part.13💚💙

1.3K 85 9
                                    

"ကျွန်တော်လက်မခံနိုင်ဘူး..."

ဖြောင်း!

ပူထူသွားသည့်ပါးစောင်တစ်ဖက်ကိုလျှာနဲ့ထိုးလို့ရှောင်ကျန့်က သူရှေ့တွင်ဒေါသကြောင့်မျက်နှာနီမြန်းကာ ရှောင်သခင်မကြီးအိနြေတောင်မထိန်းနိုင်သည့်အထိရုပ်ပျက်နေသည့်ခပ်စစကြည့်နေလိုက်သည်။
ရှောင်ကျန့်ကအမေတူသားမို့လို့လားမသိဘူး၊ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပြီးလုပ်ချင်တာလုပ်လိုက်ရမှ။ ပြီးတော့ ချစ်ချင်တာကိုချစ်လိုက်ရမှကျေနပ်တဲ့လူစားမျိူး။

"မင်းငါ့ကိုစိန်ခေါ်တာလား ရှောင်ကျန့်..."

"ကျွန်တော်သူ့ကိုရအောင်ယူမှာ မာမီကကြားခံနယ်ဖြစ်နေမယ်ဆိုတောင်မှ"

ပြောလေကဲလေမန်းလေပြဲလေဆိုတဲ့အတိုင်းသားဖြစ်သူကသူမစကားကိုမည်သို့မျှနားထောင်မည်မဟုတ်။ မျိုးရိုးဂုဏ်ကိုသာအလေးထားသည့်သူမသည်ရှောင်မျိုးရိုးကိုမည်သိူ့မျှမျိုးဆက်ပျက်မခံနိုင်ပေ။

"ကြားခံနယ်မဟုတ်ဘူးရှောင်ကျန့်...မင်းမာမီက မင်းနဲ့မင်းပိုင်ဆိုင်မူကြားအစိုင်အခဲဖြစ်လာမှာ မင်းသိထား ရှောင်ကျန့် တောက်!"

မိတ်ကပ်တစ်ချို့ကြောင့်နုပျိူနေသည့်မာမီ့မျက်နှာဒေါသကြောင့်မို့နီးမြန်းနေသည်။ ရိုးရာဝတ်စုံကိုအမြဲဝတ်ဆင်ထားသည့်မာမီကရှောင်းစံအိမ်ရဲ့ချွေးမကောင်းတစ်ယောက်။ ဒေါသကြီးစွာပြောဆိုရင်းထထွက်သွားတဲ့မာမီနောက်ကျောကိုရှောင်ကျန့်ရူတည်တည်နဲ့သာကြည့်နေလိုက်သည်။
သူကဘယ်သူမို့လို့လဲ ရှောင်ကျန့်လေ ၊လိုချင်တာတော့ရအောင်ယူမှာ။

ထို့နောက် စားပွဲပေါ်ရှိကားသော့ကိုဆွဲယူလို့ အ်ိမ်ပြင်သို့ထွက်ကာ ဂိုထောင်ထဲမှာကားအနီလေးကိုဆွဲယူလို့ရှောင်ကျန့်ကပိုင်ဆိုင်မူလေးရှိရာခရီးနှင်သည်။ နောက်ပြီးရှောင်ကျန့်က ယောကျာ်းတစ်ယောက်ရဲ့တာဝန်ကိုလည်းကျေချင်သေးသည်။

____________

ဒုန်း!

"ဟင်..သားကျန့် ဘယ်လိုလုပ်"

ရုတ်ချည်းဆန်စွာရောက်ချလာသည်ရှောင်းသခင်လေးကြောင့်ဦးလေးမင်မှာကြောင်တောင်တောင်ရယ်။ အိမ်ထဲသိူ့မည်သို့ရောက်လာသည်မသိ shirt အနက်ကို စတိုင်ဘောင်းဘီနက်ထဲထည့်ကာဝတ်ဆင်ထားသည်။ ကြည့်ရတာအိမ်ကတန်းလာတာဖြစ်မည်။ ဘာတွေဘယ်လိုဖြစ်လာအုံးမလဲဆိုတာ သူကလူကြီးတစ်ယောက်အနေနဲ့အတော်လေးရင်မောရသည်။
ဇွတ်တစ်ရွတ်ဆန်ပြီးလိုချင်တာကိုရအောင်ယူတတ်တဲ့သခင်လေးကြောင့် ဝမ်လေးနစ်နာမှာကိုဘဲစိုးရိမ်မိတယ်။

l'm  beloved your salveDonde viven las historias. Descúbrelo ahora