Part 19

936 86 4
                                    

Part 19

ရိပေါ်ယုန်အသွင်နဲ့ ကန်စွန်းရွက်စားနေတုန်း
အသံကြားတာနဲ့ လူအသွင်ပြောင်းလိုက်သည်။

" အခန်းထဲမှာ တစ်ယောက်တည်း
ဘာငိုင်နေတာလဲ ပေါ်လေး "

အခန်းထဲကမထွက်တဲ့ရိပေါ်ကြောင့်
ဖန်ရှင်း ဝင်လာပြီး မေးလိုက်ခြင်းဖြစ်သည်။

"ဗိုက်က ပူလာတယ် စိတ်ညစ်တယ် ဗိုက်ပြန်ကျအောင် ဝိတ်ဘယ်လို့ချရမလဲ ''

"ဝိတ်ချစရာမလိုဘူး ရိပေါ်လျှောက်မလုပ်နဲ့ ''

" ဘာလို့လဲ ဘာလိုလဲ ဘာကြောင့်
အကုန်လုံးကဝိတ်မချခိုင်းတာလဲ ''

"ဘာကြောင့်လဲဆိုတာရိပေါ်ကဝလည်းဗိုက်ပူနေလည်းချစ်စရာကောင်းလို့ လာပါ
ရိပေါ်ရယ်..အစ်ကိုကပေါ်လေး
ကြိုက်တာတွေချက်ထားတယ် ထမင်းစားရအောင် ''

ဖန်ရှင်းထမင်းဝိုင်းခေါ်ပြီး
ရိပေါ်ကြိုက်တာတွေသူပန်ကန်ထဲထည့်ပေးပြီးထမင်းစားခိုင်းလိုက်သည်။ ထမင်းစားပြီးတော့လည်း ဧည့်ခန်းကဆိုဖာပေါ်မှာ  TV ကြည့်နေသည် ဒီအချိန်သူအိပ်နေကျပါ

"ရိပေါ်အိပ်တော့လေ TV မကြည့်နဲ့တော့ ''

"နေခင်းမအိပ်တော့ဘူး ဝလာမှာဆိုးလို ''

ရိပေါ်TVကြည့်ရင်းငိုက်နေသည် ဒါကိုမျက်လုံးကိုအတင်းအားတင်းပြီးကြည့်နေသည်။
ဖန်ရှင်းTV ကိုသွားပိတ်လိုက်သည်

"လာအခန်းထဲလိုက်ပို့မယ် သွားအိပ်ရအောင် ''

"မအိပ်ဘူး TV ကြည့်မယ်''

ရိပေါ်TV ပြန်ဖွင့်လိုက်သည် ဖန်ရှင်းလည်းပြန်ပိတ်ပြီး

"ကျန်းမာရေးမကောင်းပဲနေမယ် ရိပေါ်
လာသွားအိပ်မယ် မဆိုးနဲ့တော့ ဖျားနာရင်
အစ်ကို Xiao Zhan ပဲစိတ်ပူရမှာနော် ''

ဖန်ရှင်း ရိပေါ်ကိုခေါ်ကာအခန်းထဲထိလိုက်ပို့ပြီး ကုတင်ပေါ်လှဲစေလိုက်သည်။ ပြီးရင်စောင်ခြုံပေးလိုက်သည် ခေါင်းနဲ့ခေါင်းအုန်းတွေ့တော့ရိပေါ်တန်းအိပ်ပျော်သွားသည်
ဖန်ရှင်းပြုံးလိုက်၏

"လူဆိုးလေး ဒါတောင်မအိပ်ချင်ဘူးတဲ့ ''

🏡

ယုန်လေးရဲ့ကိုကိုWhere stories live. Discover now