Part 23

1K 89 4
                                    

Part 23

Baby လေးရဲ့ကိုကို

အစ်ကို ယူဘင်းနဲ့ အစ်ကို ရှောင်ကျန့်တို့အလုပ်သွားပြီ အခုထိ ရိပေါ်မနက်စာစားဖို့ဆင်းမလာသေးဘူး ဖန်ရှင်းအပေါ်ထပ်တက်ကြည့်ပြီး
အခန်းတံခါးဖွင့်လိုက်တော့ ရိပေါ်အိပ်နေသည်။

" ရိပေါ်  အစ်ကိုရှောင်ကျန့်ရေချိုးပေးသွားတယ် မဟုတ်လား ''

" ဟုတ် ချိုးပေးသွားတယ်  ''

"ဘာလို့လှဲနေတာလဲ  မနက်စာစားရအောင်လေ '' 

"မထချင်ဘူးမောနေတယ် ဘာမှစားချင်စိတ်မရှီဘူး  ''

"ဟမ်အဲ့တာဆို ထုံးစံအတိုင်းအားနည်းပြန်ပြီထင်တယ် အစ်ကိုရှောင်ကျန့်ကိုဘာလို့မပြောတာလဲ  ''

"အိပ်လိုက်ရင်သက်သာသွားမှာပါ  ''

" ဘာလို့ အစ်ကိုရှောင်ကျန့်
ကို စကားမပြောသေးတာလဲ ရိပေါ်လေးရဲ့အကျင့်က နေမကောင်းရင် အစ်ကိုရှောင်ကျန့် အနားမှာရှီနေမှာလေ ''

"ဒီအတိုင်းပါပဲ ကျွန်တော်ရဲ့နှလုံးသားကတော့ အစ်ကိုရှောင်ကျန့်ကိုနားလည်ခွင့်လွှတ်ပေးလို့ရပေမဲ့ စိတ်ကတော့ စကားပြောချင်စိတ် မရှီသေးဘူး။ ကျွန်တော်ထင်တာထက်ကိုး ကိုကို့ကိုပိုချစ်မိနေလို့ထင်တယ် အဲ့ဒါကြောင့် လိမ်ရက်လေခြင်းဆိုပြီး ခွင့်မလွှတ်ပေးသေးတာနေမှာ  ''

"နွားနို့လေးတော့ သောက်လိုက်နော် ''

ဖန်ရှင်းအောက်ထပ်ဆင်းပြီးနွားနို့ သွားယူပေးသည်။  အစ်ကိုဖန်ရှင်းကို အားနာလို့ 
သူသောက်လိုက်ပေမဲ့ နှစ်ငုံလောက်တော့ သောက်ပြီး ဆက်မသောက်ချင်တော့ပေ

"တရေးလောက်အိပ်လိုက်အုန်းနော် ''

"ဟုတ် "

ရိပေါ်ကိုစောင်ခြုံပေးပြီး  အောက်ဆင်းလာပြီး နေ့လယ်စာ ချက်လိုက်သည်။

" အစ်ကိုလေးကနေမကောင်းဘူးလား ''

ချောင်လေးက သူ့အစ်ကိုလေး ဆင်းမလာလို့မေးနေသည်။

"အင်း မျက်နှာက အရမ်းဖြူဖျော့နေတယ်
နေမကောင်းဘူးထင်တယ် ''

ယုန်လေးရဲ့ကိုကိုWhere stories live. Discover now