ᴢᴀᴡɢʏɪ

173 8 0
                                    

သူငယ်ချင်းးး ?
မင်းအဲ့သူငယ်ချင်းဆိုတာကြီးက ဘယ်တော့မှပြီးတော့မှာလဲ ဟမ် ?
သူငယ်ချင်းတွေက ဒီလိုလုပ်တယ်လား ဟက်!
မင်းနဲ့ ငါနဲ့နှစ်ယောက်ထဲက တယောက်ကတော့ Gay ဘဲဟျောင့်

အခန်း၁ ( သူငယ်ချင်းထပ်ပိုသောဆက်ဆံရေး)

ဒီနေ့လဲအရင်လိုပါဘဲ တယောက်သောသူရဲ့
ဘက်စကတ်ဘော ကစားတာကို ကျတော်သွားစောင့်ရမည်
ဒါက လုပ်ရိုးလုပ်စဉ်တခုပါ ညနေတိုင်းလို လိုအမြဲ ဘက်စကတ်ဘော ဆော့တက်တဲ့သူ့ကို ကျတော် ဒီရေဘူးလေးတဘူးကိုင်ပြီး
အမြဲ ထိုင်စောင့်ပေးနေကျ
ဟော သူလာပါပြီ နဖူးနား ချွေးစေတွေထွက်နေတာတောင် ကြည့်ကောင်းတုံးး

" ဂျယ်ဟွတ်ခါးးး " ဆိုပြီး ကျတော်ခေါ်တော့
ကစားနေရာကနေ
" အော " ဆိုပြီးပြုံးပြလာတဲ့သူ ကစားတာက ပြီးပြီထင်ပါရဲ့

Jaehyuk : ဒီနေ့မင်း ကျူရှင်မသွားရဘူးလား ?

ကျတော့်လက်ထဲက ရေဘူးကိုဆွဲယူပြီး သူမေးလာသည်

Asahi : အင်းး

Jaehyuk : ဒီနေ့ဘယ်နှရက်နေ့လဲ ?

ပြောနေတာက ကျတော် အကြည့်က ကျတော်လည်ပင်းမှာ
ဒီကောင်အမြဲအဲ့လိုဘဲ
လည်ပင်းကလဲ ဒီကောင်မနေ့က ကိုက်ထားတာ ညိုမဲပြီး
သွားရာကြီးကိုထင်းလို့
မာမား ကတောင် ကျတော့်ကို
" မိန်းကလေးတွေနဲ့ အိပ်လာပြန်ပြီလား " တဲ့

Asahi : အောက်တိုဘာ ၃၀

Jaehyuk : ငါတို့ လျှောက်လည်ကြမလား ?

Asahi : ဟမ် ?

ဒီကောင်အမြဲ အဲ့လိုဘဲ လုပ်ချင်ရင် ချက်ချင်း
အခုလဲယုတ်တရက်ကြီးး

Asahi : ဟျောင့် မင်းဘယ်လိုဖြစ်နေတာလဲ
မာမား သူငယ်ချင်းတယောက် ယောက်တွေ့သွားရင်မကောင်းဘူးကွ

အခုကျတော်တို့ Holloween ညဈေးကို လျှောက်လည်နေခြင်းး
ဒီကောင်က အဲ့လိုပါဆို ပြောရဆိုရ လက်ပေါက်ခပ်
အခုလဲ ကျတော့်လက်ကို အတင်းသူလက်တွေနဲ့ တွဲချုပ်ထားတာ
တယောက် ယောက်သာမြင်သွားရင်
အားး မာမား နဲ့ ရှင်းရမှာ မတွေးရဲစရာ

Jaehyuk : ဘာဖြစ်လဲ ကျတော်တို့ကသူငယ်ချင်းပါလို့ပြောလိုက်ရင်
မယုံမှာကြလို့

ᴍᴏʀᴇ ᴀ ғʀɪᴇɴᴅsʜɪᴘ [ ʜᴀʟʟᴏᴡᴇᴇɴ ᴘʀᴏᴊᴇᴄᴛ ]Where stories live. Discover now