-- 4 --

821 117 25
                                    

#Zawgyi

ကင်ဆော့ဂျင်က နေ့တိုင်းပန်းတေပို့သလောက်
သူ့ရဲ့ ဦးဟာလည်းပန်းတေကို ထိပင်မထိပဲဒိုင်ခံလွှင့်ပစ်
ပါတယ် အသည်းယားစရာကောင်းချက်!

ဒီနေ့တော့ King Groupကိုပန်းတေရောက်မလာခဲ့ပါ
ဘူး အဲ့အစား ပန်းစည်းလေးတစ်စည်းနဲ့ စာလေးပဲ
ရောက်လာခဲ့ပါတယ်........

ထုံးစံအတိုင်း ကျောင်းပြေးလေးတေက ကားပြိုင်ကွင်း
ထဲမှာရောက်နေကြပါတယ် ဒီနေ့တော့ ဘယ်သူမှဘာမှသွားမပြိုင်ပဲ တစ်ဖက်က ထိုင်နားဖို့လုပ်ပေးထားတဲ့
အမိုးအောက်ကခုံတေမှာထိုင်ပြီး ဂိမ်းဆော့နေကြပါတယ်

" ဟေး...ဆော့ဂျင် ဒီနေ့ပန်းတေမပို့ဘူးဆို why?  "

Niki ရဲ့အမေးကို ဒူးတနန့်နန့်နဲ့ဂိမ်းဆော့နေတဲ့ဆော့ဂျင်
က

" အေး....နိုင်ငံခြားကနေ ပန်းတေမပို့လာဘူးလေ "

" သြော်........ဒီတစ်ရက်တော့ပျက်သွားပြီပေါ့လေ "

" နိုး....မပျက်ပါဘူး ဆိုင်မှာရှိတဲ့ နှင်းဆီထဲကတစ်စည်းပို့
ပေးလိုက်တယ်! "

ဆော့ဂျင်ရဲ့စကားကြောင့် ဂိမ်းဆော့ရင်းနဲ့ဂျောင်ဂုကလှမ်း
ပက်ပါတယ်........

" သိတယ်မလား...ဒီအကောင်က ဖွန်ကြောင်ဖို့ဆိုသိပ်
တတ်တာလေ!  "

" လိ့လား....မင်းတို့ကောင်တေရောဘာထူးတုန်း!
အကုန်ဒီပုတ်ထဲက ဒီပဲတေကြည့်ဟျောင့် "

မဟုတ်လို့လား.....လူဆိုတဲ့အမျိုးကအသွင်တူမှပေါင်းရတဲ့
အမျိုးလေ!

ဆော့ဂျင်ဆော့လက်စဂိမ်းကို ပိတ်လိုက်ပြီးနောက်
တွေးတွေးဆဆနဲ့

" အဲ့ဒါကြောင့် ငါစဉ်းစားနေတာ မြို့ပြင်က ခြံတေကိုသွား
ဝယ်ရင်ကောင်းမလားလို့ "

" ဘာလုပ်ဖို့? " ဆိုဘင်းရဲ့အမေးကို အားလုံးကထောက်ခံ
တဲ့အလားခေါင်းငြိမ့်ပြီးဆော့ဂျင်ကိုလှမ်းကြည့်နေတော့

" ပန်းစိုက်ဖို့! ဒီနေ့လိုမျိုး ရှေ့လျှောက်မဖြစ်ဘူးမပြော
နိုင်ဘူးလေ အာ့ကြောင့် တခါတည်းအေးအောင် ကိုယ်တိုင်
စိုက်ထားတဲ့ပန်းပဲ ခူးပေးလိုက်တော့မလားလို့! "

Dear Uncle Joon Where stories live. Discover now