#Zawgyi
Doctorကင်တို့ TRI က ကိုယ်ပိုင်VILLAမှာတောင်
သွားမနေရဲပဲ မိဘအိမ်မှာသွားနေနေ၏...
တခြားနေရာတေဆိုဟိုကလေးစုတ်လေးကဟောဟော
ဒိုင်းဒိုင်းနဲ့ရောက်ချလာဦးမှာ အိမ်တော်အထိတော့
ထိုကလေးလိုက်မလာရဲလောက်ပါဘူး ဟွန်းဟွန်းကျေနပ်တပြုံးပြုံးနဲ့ဥယျာဉ်ထဲမှာစာထိုင်ဖတ်နေတုန်း
အိမ်ဖော်လေးက သခင်မကြီးကခေါ်ခိုင်းလိုက်တာဆိုပြီး
လာခေါ်တာကြောင့်စာအုပ်လေးချပြီး အိမ်ထဲဝင်သွားတော့
သူ့မာမားရဲ့သဘောတကျရယ်နေတဲ့အသံအားကြားလိုက်
ရတာမို့ထယ်ယောင်းတို့နှာခေါင်းရှုံ့သွားရသည်
ဒီတစ်ခါရော ဘယ်အိမ်တော်ကဥက္ကဌကတော်နဲ့သမီး
လာလည်လဲမသိဘူး အိမ်ထောင်ရေးတေစိတ်မဝင်စား
သေးပါဘူးပြောလည်း အိမ်ထောင်ဖက်အတင်းတွေ့ခိုင်း
နေရော သွားမတွေ့ရင် အိမ်ကိုခေါ်လာပြီးမိတ်ဆက်ပေး
နေရော" သြော်...သားလာ "
ထယ်ယောင်း သူ့အမေဘေးကဆိုဖာပေါ်ဝင်ထိုင်ပြီး
ရှေ့ကိုကြည့်လိုက်တော့ ဂျွန်ဂျောင်ဂု!!!" မင်း.....ဒီကိုဘာလာလုပ်တာလဲ "
" ဟဲ့...ကလေးကို ဘယ်လိုပြောလိုက်တာလဲ "
ပြောလည်းပြော လက်မောင်းကိုပါအချခံလိုက်ရတာမို့
ကင်ထယ်ယောင်းတို့ မျက်လုံးပြူးသွားရသည်" အန်တီကလည်း ကိုကို့ ကိုမရိုက်ပါနဲ့ "
' ကိုကို? ကိုကို?'
" အဲ့ကလေးက ရိုက်မှရတာ ဟဲ့...မျက်နှာကဘာလို့
ဆူပုတ်နေရတာတုန်း ကလေးကတောင်တကူးတကလာ
တွေ့ရတာစကားလေးပြောမှပေါ့ "" ရပါတယ် အန်တီ ကိုကိုက သားဆိုအမြဲအဲ့လိုပဲ "
" ဟယ်....ကင်ထယ်ယောင်း နင်က ကလေးကို
အနိုင်ကျင့်နေတာပေါ့လေ "" မား....သားချင်းမှားနေလား ကျွန်တော်ကမှ မားရဲ့
သားနော် ပြီးတော့ ဟိုတစ်ယောက် ဘာလာလုပ်တာ
လဲ "" ကိုကို့ ကိုလာတွေ့တာလေ "
" အခုတွေ့ပြီမလား ပြန်တော့ အ့....မားဘာလို့ရိုက်ပြန်
တာတုန်း "" ကင်ထယ်ယောင်း....ကလေးကိုနှင်လွှတ်စရာလား "
ကင်ထယ်ယောင်းတို့ သူ့မာမားရှေ့မှအပိုးကျိုးပြီး
လူလိမ္မာလေးလုပ်နေတဲ့ကလေးစုတ်အား
အမြင်ကတ်လွန်းလို့သေတော့မယ် သူ့မာမားကလည်း
ဟန်ဆောင်နေတာတောင်မမြင်ပဲ ကလေး ကလေးနဲ့
ပါးစပ်ကကိုမချ နှစ်ယောက်သားအတိုင်အဖောက်ညီနေတဲ့
ကြားထဲ ကင်ထယ်ယောင်းသာငုတ်တုတ်ဖြစ်နေရသည်
YOU ARE READING
Dear Uncle Joon