{Uni/Zawgyi}
ကျွီ! ဒုန်း"အာ့"
လမ်းကြားထဲကထွက်လာတဲ့ စက်ဘီးလေးနဲ့ကားနဲ့တိုက်မိသလိုဖြစ်သွားသည်။ကံကောင်းတာက နှစ်ဖက်စလုံးထိခိုက်မှုအများကြီးမဖြစ်လို့ပါ။ဘာကြောင့်ဆို ကားကအချိန်မှီဘရိတ်အုပ်လိုက်လို့ပါ။
စက်ဘီးစီးလာတဲ့လူငယ်လေးက ဘာမှထိခိုက်မှုများများစားစားမရှိပေမယ့် ပွန်းပဲ့သွားရုံလောက်ပါပဲ။သျှားလဲ ကိုယ့်မျက်စိရှေ့မှာဖြစ်နေတဲ့အတွက် ဝင်ကူညီလိုက်သည်။
"မင်းဘာဖြစ်သွားသေးလဲ၊ထနိုင်ရဲ့လား"
ကောင်းလေးကခေါင်းညိမ့်ပြ၏။
ထိုစဥ်ကားထဲကလူကထွက်လာပြီး
သျှားတို့ကိုကြည့်ကာ"ဒီမှာ အဲ့လောက်လေးနဲ့သေမသွားဘူး။ဘယ်သူကသေချာမကြည့်ပဲစက်ဘီးနင်းလာတာလဲ။ပြော ဘယ်လောက်လိုချင်လဲ။"
သျှားလဲကိုယ်နဲ့မဆိုင်ပေမယ့် ဒေါသထွက်စွာဝင်ပြောလိုက်သည်။
"အဲ့လောက်လေးနဲ့မသေသွားဘူးဆိုတာ သိတယ်။ပြီးတော့ ဒီကလေးကကောမင်းဆီကအရော်တောင်းနေလို့လား။မင်းတစ်ခုမှတ်ထားလိုက် လောကမှာ အရာရာကိုငွေနဲ့ဖြေရှင်းလို့မရဘူး။"
တစ်ဖက်စီးနင်းပြောနေသောသူအားသျှားပြောပြီး ကောင်လေးကိုပြန်ကြည့်လိုက်တော့ ခုထိခေါင်းငုံ့ထားတုန်း
"ညီလေး မင်းကို အကိုလိုက်ပို့ပေးမယ် ။နောက်ခါ စက်ဘီးစီးရင်သေချာစီး ငွေရှိရင်အရာရာဖြစ်တယ်ဆိုတဲ့လူတွေက လောကမှာအများကြီး။
သျှား ဟိုကောင်မကြားကြားအောင်ပြောလိုက်တော့
မျက်နှာကိုမထီသထီအနေအထားနဲ့သျှားတို့ကိုကြည့်နေပုံက ထလုပ်ချင်စရာရုပ်ဝဏ္ဏလဲ သူ့ကိုပြောနေတာကိုမကြားချင်ယောင်ဆောင်ပြီး ကြည့်နေလိုက်တော့ မျက်စောင်းထိုးပြီး ဟိုဘက်လှည့်သွားတဲ့အကောင်ပေါက်လေးကချစ်စရာတော့ကောင်းသား။
ပထမကတော့ သေချာဆင်းကြည့်ပြီးကူညီမလို့ပဲ လူရှေ့လာပြီး ဖြစ်ပျက်နေတော့ အမြင်ကပ်လို့ပြောချတာ လူကိုပြောသွားတယ် အရာရာကိုငွေနဲ့ဖြေရှင်းလို့မရဘူးဆိုပဲ
YOU ARE READING
မောင့်ရပ်ဝန်းဝါလေး/ေမာင့္ရပ္ဝန္းဝါေလး
Romanceအရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေချေနေတတ်တဲ့ "သျှားသံလွင်ဟိဏ်း"ဆိုတဲ့ကောင်လေးကို မြင်မြင်ချင်းစွဲလန်းသွားသောအခါ........... ပထမဆုံးသော...