1950 ( ဘူလ်ဆန်)
အဖြူရောင်အဆင်းငယ်တို့ပါရှိသည့်ငှက်မွေးတစ်စုံသည်လေထဲ၌ပေါ့ပါးစွာဝဲလွှင့်လာလေသည်။ အပြာရောင်ကောင်းကင်ပြင်ကြီးကို
နောက်ခံထားပြီးမီးခိုးတိုင်တွေကြားထဲကနေဝေ့ဝိုက်စွာပင်မြေပြင်၌လျှောက်လမ်းနေကြသောသက်ရှိလူများစွာတို့အပေါ်တွင်ဝေ့ဝိုက်ကာဖြတ်သန်းသွားနေသည်။လမ်းမထက်ကလူတို့ရဲ့အပေါ်ကနေဝေ့ပျံပြီးရပ်တန့်ခြင်းမရှိဆက်လက်သွားချေသည်။ အဖြူရောင်ငှက်မွေးသည်ဘယ်နေရာတွင်ရပ်တန့်မလဲတော့ဘယ်သူမှမခန့်မှန်းနိုင်ချေ။ လေစီးကြောင်းရှိသရွေ့တော့ထိုငှက်မွေးငယ်သည်လည်းဆက်လက်၍ဝဲပျံနေအုံးမည်။
အတန်ကြာ လေအရှိန်ဖျော့သွားတော့ငှက်မွေးငယ်သည်လည်းတစ်စတစ်စအောက်သို့ကျဆင်းလာလေသည်။ ထို့နောက်သူ့ရဲ့နောက်ဆုံးမှတ်တိုင်ကအနက်ရောင်ပြောင်ချောနေတဲ့ရှူးဖိနပ်တစ်ရံနားလေးတွင်။
" တကယ်လှတဲ့ငှက်မွေးလေးပဲ "
ခြေထောက်နားကငှက်မွေးလေးကိုကောက်ယူကာအမြဲကိုယ်နဲ့ဆောင်ကာစလွယ်သိုင်းလွယ်လေ့ရှိတဲ့အပြာရောင်ဂျင်းအိတ်လေးထဲထည့်သိမ်းမိလိုက်တယ်။
" ဒီနေ့ဘယ်ကိုသွားရမလဲ? "
ခြေလှမ်းအစုံရပ်တန့်ပြီးမျက်စိရှေ့ကဖြတ်သွားဖြတ်လာလူများအားကြည့်ရင်းရေရွတ်မိတယ်။
မျက်စိရှေ့ကဖြတ်သွားဖြတ်လာလူတို့တွင်တစ်ချို့သောလူတွေက လူချမ်းသာတွေရဲ့အခိုင်းအစေလောက်သာအဆင့်ရှိတဲ့သူတွေဖြစ်တာများတယ်။ ဝမ်းစာရေးအတွက်အထက်လူတွေရဲ့နှိပ်ကွပ်တာကိုခေါင်းငုံ့ခံပြီးနဖူးကချွေးခြေမထိကျသည်အထိမငြီးမငြူအလုပ်ကြိုးစာရှာသည်။
မျက်စိရှေ့တွင်မြင်တွေ့နေရသည့်မြင်ကွင်းမှာ ဂုတ်ထောက်သောဆံပင်အကောက်အကွေးတို့နဲ့ထောင့်စွန်းထိပ်လေးတွင်တော့အစိမ်းရောင်ငှက်မွေးရှည်နဲ့အဝါရောင်ဦးထုပ်လေးကိုအလှထိုးတပ်ဆင်ထားလေသည့်မိန်းမလှလေး။ ဖျော့လွသောလက်သွယ်သွယ်လေးတွေကအဝါရောင်ကြိုးတိုအိတ်လေးကိုကိုင်ထားပြီး ထိုအိတ်နှင့်အရောင်တူဖြစ်စေရန် ပိုးသားတို့ဖြင့်ချုပ်ထားသောအဝါရောင်ထီးစကတ်ပုံသဏ္ဍာန်ဂါဝန်အကားကြီးကိုဝတ်ဆင်ထားလေတယ်။
YOU ARE READING
About The Brown BOY & ME ✔
Fanfictionအညိုရောင်ကောင်လေးကတယောထိုးနေချိန်ဆိုရင်အရမ်းလှတာ အညိုရောင်ကောင်လေးကတယောထိုးနေချိန်ဆိုရင်အရမ်းလှတာ JEON JUNG KOOK X KIM TAE HYUNG Historical Type MY OWN CREATION // DON'T COPY// BOTH UNICODE & ZAWGYI ✅