Chapter 6

1K 202 19
                                    

Unicode Version

ဤသို့ဖြင့် အသွင်ပြောင်းချိပ်စည်းအားဖြေရန် သူတို့ စတင်လုပ်ဆောင်ကြတော့သည် ။ တာကဲရှိက တင်ပလ္လင်ခွေထိုင်နေသည့် နာအိုယုကီ​၏ ရှေ့တွင် မန္တာန်စက်ဝန်းတစ်ခု ရေးဆွဲပြီး နာအိုယုကီနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူက ထိုင်ချလိုက်သည် ။ ထို့နောက် လက်နှစ်ဖက်ကို ဦးခေါင်းပေါ် မြှောက်တင်ကာ လက်အုပ်ချီလျှက်သဏ္ဍာန်ဖြင့် ပြန်ဆွဲချလိုက်ပြီး ရင်ဘတ်ရှေ့တန်းတန်းမှာ နေရာယူထားလိုက်သည် ။ ထိုမှတဖန် လက်သင်္ကေတ ဟန်တစ်ချို့ ဖော်ဆောင်ပြီးနောက် နာအိုယုကီဆီ ညွှန်ကာ လေထဲ၌ ငါးထောင့်ကြယ် သဏ္ဍာန်ကို ရေးဆွဲလိုက်သည် ။ လေထဲတွင် ပေါ်လွင်လာသော ငါးထောင့်ကြယ် မန္တာန်စက်ဝန်းထဲမှာ အလင်းတန်းများက နာအိုယုကီ​၏ ကိုယ်ပေါ်လွှမ်းခြုံသွားပြီးနောက် နာအိုယုကီဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ တဲအိမ်လေးတစ်ခုလုံးအား ပြာဝေဖွေးလက်သည့် အလင်းများဖြင့် ဖုံးလွှမ်းသွားတော့သည် ။ တာကဲရှိကိုယ်တိုင်ပင် မျက်စိကျိန်းလွန်းသောကြောင့် လက်ဖြင့် မျက်လုံးကို ကာထားလိုက်ရ​၏ ။

မကြာမှီအချိန်မှာ မျက်စိကျိန်းလောက်သည့် အလင်းရောင်များ တစတစလျော့ပါးလာပြီး အရာရာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည် ။ တာကဲရှိ​၏ မှိတ်ထားမိသည့် မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည့်အခါ သူ့မျက်စိရှေ့တွင် မြင်ရသူသည်ကား ရွှေရောင်ဆံပင်ရှည်များပိုင်ဆိုင်သည့် အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် လူငယ်လေးတစ်ဦး ။ သူ​၏ နားရွက်ကလေးများက သာမန်လူတွေ​၏ နားရွက်နှင့်စာလျှင် အဖျားကို ရှည်ရှည်ချွန်ချွန်ကလေးဖြစ်သည် ။ အထူးသဖြင့် သူ့ကို စိုက်ကြည့်နေသည့် ထိုလူငယ်လေး​၏ မျက်လုံးတစ်စုံ ။ ထိုမျက်လုံးများက ဖြူနုသည့် အသားအရည်နှင့် အင်မတန်မှ ပနံရလှသည့် မြစိမ်းရောင် ။

ဒဏ္ဍာရီအရ ရွှေဝါရောင်ဆံနွယ်ရှည်များရှိပြီး အဖျားချွန်ချွန် နားရွက်ကလေးများ ပိုင်ဆိုင်သော အနှီသတ္တဝါများကို နတ်သူငယ်လေးများဟု ခေါ်ဆိုကြသည် ။ ထိုမျိုးနွယ်စုထဲ၌ မြစိမ်းရောင်မျက်လုံးများ ပိုင်ဆိုင်သူမှာ တစ်ဦးတစ်ယောက်တည်းသာလျှင် ရှိပေသည် ။

15 Days with NaoyukiDonde viven las historias. Descúbrelo ahora