သူ ကို ချစ်နေရဲ့သားနဲ့ ကျွန်တော်ကိုဘာလို့များ
ယူခဲ့ရတာလဲ ကိုကိုရယ်?ကျွန်တော်က ကိုကိုတွက်အရမ်းလွယ်နေခဲ့လို့လား။
ကျွန်တော်ချစ်ခြင်းတွေက ကိုကို အတွက်အရမ်းလွယ်နေခဲ့လို့လား။ကျွန်တော်ရဲ့ အချိန်တွေနောက်ပြန်လှည့်လို့ရရင်သိပ်ကောင်းမှာပဲကိုကိုရယ်။
ဒါဆို ကိုကို ကို မချစ်ခဲ့မိတော့သလို အခုလိုပူလောင်မနေရတော့ဘူးပေါ့။ကိုကို ချစ်ရတာ ပူလောင်မှုတစ်ခုပဲ။ ဆက်မချစ်တော့ဘူးလို့တွေးပေမယ့်နှလုံးသားက လက်မခံဘူး ကိုကိုရာ။
နှလုံးသားအလိုလိုက်ပြီးရူးမိုက်ရမလား
ဦးနှောက်အလိုလိုက်ပြီး နောက်ဆုတ်ရမလား
ကျွန်တော်ဘယ်လမ်းရွေးသင့်လဲကိုကို ။ခပ်သင်းသင်းကော်ဖီအနံ့လေးက အခန်းတစ်ခုလုံးကို သင့်ပျံ့ထုံကြိုင်အောင်မွှေးသွားစေသည်။
ဒါက ကိုကို သိပ်ကြိုက်တဲ့ ကော်ဖီအနံ့ နောက်ပြီး ကိုကိုကြိုက်တဲ့ ကော်ဖီ အရသာ
ကိုကို အတွက် ကျွန်တော် ကော်ဖီ ဖျော်ထားပေမယ့် ကော်ဖီတွေဟာ အမြဲအေးစက်ကုန်ပြီး ပိုင်ရှင်ရဲ့ထိတွေ့မှုမခံရတာတောင်ကြာပြီး။ကိုကို က အလုပ်ရှိလို့ဆိုပြီး ကျွန်တော်ကို အဆက်အသွယ်အကြာကြီး ဖြတ်ထားရတယ် ဒီလို အဆက်သွယ်ဖြတ်ထားရတာပျော်ရဲ့လား ကိုကို?။
ကိုကို ခင်ဗျားက သိပ်ရက်စက်တာပဲဗျာ ။
ကိုကို မရှိတဲ့ ညတွေက ရှည်ကြာလိုက်တာ။
ကိုကို ပြန်မလာသေးဘူးလား??ကျွန်တော်နှလုံးသားအလိုကို ရွေးချယ်ပြီး ရူးမိုက်ပလိုက်ရတော့မှလား။
ဦးနှောက်အလိုတိုင်းပဲနောက်ဆုတ်ရတော့မလားပျော့ညံ့မတတ်တဲ့ ကျွန်တော်ဟာ ကိုကိုကြောင့်
အကြိမ်ကြိမ် လူပျော့လေးတစ်ယောက်ဖြစ်နေရတယ်။ဒီညလည်း မျက်ရည်တွေနဲ့ အချိန်ကုန်ပြီး အိပ်ရတော့မယ်။ ဒီညတော့ ကျွန်တော်မျက်ရည်တွေကုန်ခွင့်ပေးလိုက်မယ်။ နိုးထလာမယ့် မနက်ကျရင်တော့ သစ်လွင်တဲ့ လူတစ်ယောက်အဖြစ်နဲ့ ပြန်လာမယ်။ နောက်ပြီးကိုကို မသိတာတစ်ခုရှိတယ် အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့ ။
BẠN ĐANG ĐỌC
obey me one shot Collection
Truyện Ngắnကိုယ်ရဲ့Dark side feelingအချို့ကို အခြေတည်ပြီး OCတွေဖန်းတီမှာပါ။ (ဖြစ်ရပ်မှန်တွေမဟုတ်ပါ) This story include not only BDSM but also Physical abuse ,mental abuse and victims ကိုယ်ရဲ့Dark side feelingအချို့ကို အခြေတည်ပြီး OCတွေဖန်းတီမှာပါ။ (ဖြစ်ရပ်မှန်...