Title -ဆောင်ကြာမြိုင်သွားနေတဲ့ ငါ့ယောကျ်ားကို ဘယ်လိုဆုံးမရမလဲ
------------------------------------------------------------------------------------------
ကျွန်တော် ယောင်္ကျားက သိပ်ဆိုးလွန်းတယ်။ တော်တော်ကို ဆိုးလွန်းတယ်။
ကျွန်တော်မသိအောင် ဆောင်ကြာမြိုင်သွားတယ်တဲ့ သူမသိတာက ကျွန်တော်က ဒီနယ်မှာဆို ဘယ်သူဘာလုပ်တယ် အပ်စတာက အစသိနေတာမျိုးလေ။" ဟင်း မင်းက ကျွန်တော်ကို သိပ်အထင်သေးတာပဲလား ရှန့်ဟွေး "
------------------------------------------------------------------------------------------
လီရှန့်ဟွေး သည် မြို့ခံဘုရင် ၀မ်ဟွာရဲ့
တရား၀င် ယောက်ျားဖြစ်သည် ။
အသက်အားဖြင့် လီရှန့်ဟွေးက ကြီးသောညား ၀မ်ဟွာသည် ရှန့်ဟွေးကို
ကောကော ၊ သကော ဟု မခေါ်ပဲ
ရှန့်ဖေးလို့သာ ခေါ်လေ့ရှိသည်။ရှန့်ဟွေးသည် ၀မ်ဟွာရဲ့ထိုအသုံးအနှုန်းကို မကြိုက်ချေ။ ရံဖန်ရံခါ ရှန့်ဟွေးစိတ်ပါ ၊သို့စိတ်ကုန်တဲ့အချိန်မျိုး ၊ အရွဲ့တိုက်ချင်သည့် အချိန်မျိုးတွင် ၀မ်ဟွာကို ဟွာဖေး လို့ ပိတ်ခေါ်တတ်သည်။ထိုအခါမျိုးတွေ ၀မ်ဟွာက သဘောကျစွာရယ်လေ့ရှိသည်။
ထိုသို့ရယ်သော အခါ ရှန့်ဟွေးတစ်ယောက်"ဒီအရူးကောင် ဘာတွေသဘောကျနေမှန်း မသိဟု" ပိတ်ဆဲတတ်သေးသည်။
ရှန့်ဟွေးနဲ့၀မ်ဟွာသည် အိမ်ထောင်ကျခဲ့ပုံသည် ဆန်းကြယ်သည်။
ရှန့်ဟွေးသည် တစ်နယ်တစ်ကျေးက လာခဲ့သည့် အပျော်အပါးလိုက်စားရတာကြိုက်တဲ့
သဘင်ပညာတတ်သည့် ကချေသည် တစ်ဦးပင် ဖြစ်သည်။ထိုအချိန်တုန်းက ၀မ်ဟွာသည် မြို့ဘုရင်ခံဖြစ်ဖို့ကြိုးစားနေတဲ့ မင်းသား အရွယ်သာရှိသေးသည်။
၁၆နှစ်မတ်တင်းသာရှိသေးလောက်သည့် ၀မ်ဟွာသည် လှေဆိပ်အနီးအနား ချယ်ရီပင်အောက်တွင် ဆေးတံခဲနေသည့် ၂၁နှစ်အရွယ် ရှန့်ဟွေ့ကို မြင်မြင်ချင်းပင် သဘောကျမိသွားသည်။
ပန်းနုရောင် ချယ်ရီပန်းပွင့်များ ဝေ့ဝဲနေသည့်ကြားတွင် ချယ်ရီဖူးယောင်သန်း နေသည့် နှုတ်ခမ်းပါးလေးထက်မှာ ဆေးတံတေ့ကာ လှုပ်တိလှုပ်ရဲ့သောက်နေသည့် လူသားတစ်ဦးကို ၀မ်ဟွာ သဘောကျခဲ့သည်။
YOU ARE READING
obey me one shot Collection
Short Storyကိုယ်ရဲ့Dark side feelingအချို့ကို အခြေတည်ပြီး OCတွေဖန်းတီမှာပါ။ (ဖြစ်ရပ်မှန်တွေမဟုတ်ပါ) This story include not only BDSM but also Physical abuse ,mental abuse and victims ကိုယ်ရဲ့Dark side feelingအချို့ကို အခြေတည်ပြီး OCတွေဖန်းတီမှာပါ။ (ဖြစ်ရပ်မှန်...