(Unicode)
"မအေလိုး ရဲတွေ!!!!"
ဖုန်းကို နံရံဆီပစ်ပေါက်ရန် လက်ရွယ်ပြီးခါမှ သက်ပြင်းချကာ ကုတင်ပေါ် ပစ်တင်လိုက်သည်။ ဖုန်းကွဲသွားလျှင် ပြန်ဝယ်ဖို့ပိုက်ဆံမရှိ။
တရားခံကို ပထမတစ်ခေါက်က မှတ်ပုံတင်မှနာမည်နှင့် တိုင်ကြားထားသောနာမည် မတူ ဟုဆိုကာ လွှတ်ပေးလိုက်သည်။ ခု ဒုတိယအကြိမ် သက်သေနှင့်တကွ တိုင်ကြားတာတောင် သက်သေမခိုင်လုံ၍ ပြန်လွှတ်ပေးလိုက်သည် တဲ့။ ရဲတွေကိုက တုံးတာပါ။
အဲ့ဒီလူလိမ်ကောင်ကို ရဲတွေမဖမ်းနိုင်လျှင် သူဖမ်းမည်။ ဥပဒေက ထောင်မချနိုင်လျှင် သူကိုယ်တိုင် အပြစ်ဒဏ်ကို သတ်မှတ်မည်။
ခု လေးတင် လွှတ်ပေးလိုက်တာဆိုတော့ ဝေး ဝေးကိုတော့ မရောက်နိုင် သေးပါဘူး။ Long coat နွမ်းနွမ်းတစ်ထည်ကို ကောက်ဝတ်လိုက်ပြီး လက်ထိပ်တစ်ခုကို အိတ်ကပ်ထဲထည့်လိုက်သည်။ စတိုင်ထုတ်နေဖို့ အချိန်မရှိ၊ taxi ငှားပြီး အမြန်ရဲစခန်းနား မောင်းခိုင်းရသည်။
တုံးလိုက်တဲ့ ခွန်းနောင်ခ။ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။
တရားခံပါဆိုမှ ပုန်းလျှိုးကွယ်လျှိုးနေ နေမှာ အသေအချာပဲကို ခု သူလိုက်ရှာနေတာ လူစည်ကားတဲ့ 24 hrs storeတစ်ခုမှာ။ ရဲစခန်းနှင့် အနီးဆုံးက ဒီနေရာကိုး၊ ငါရှာမိတာ မမှားပါဘူး ဟု တွေးရင်း နှစ်သိမ့်မိပြန်သည်။တရားခံကို သူသေသေချာချာ မမြင်ဖူးပေမဲ့ ထောင်ထောင်မောင်းမောင်းအရပ်ကိုတော့ မှတ်မိသည်။ သက်သေခံပစ္စည်းဖြစ်သော CCTV မှတ်တမ်းမှ မြင့်မားတဲ့အရပ်နှင့် တည်ကြည်သော မျက်နှာ ဝါးဝါးတို့ကို မြင်ဖူးသည်။ ပြီးတော့ တရားခံရဲ့ နာမည်ကိုလည်း သိနေတာပဲ။
•••
ရှာမတွေ့၍ လက်လျှော့ဖို့ လုပ်စဥ် တရားခံနှင့် အရပ်အမောင်းတူသော လူတစ်ယောက် ကောင်တာနားတွင် ဆေးလိပ်ဘူးဝယ်နေတာကို တွေ့လိုက်သည်။ စုံထောက်မျက်စိနဲ့ပါ သူမမှားနိုင်ပါဘူး။
ထိုလူ့ဆီ အပြေးအလွှား သွားလိုက်ပြီး ထွက်မပြေးစေရန် လက်ကောက်ဝတ်ကို ဖတ်ခနဲ ဆုပ်ကိုင်ဖမ်းချုပ်လိုက်သည်။ ဖမ်းချုပ်တယ်သာဆိုတာ လူကောင်ချင်းက မမျှ။ ခွန်းနောင်ခက ပုပုလေး၊ ပိန်ပိန်လေး။ ထိုလူက လန့်သွားခြင်းမရှိဘဲ ခွန်းကိုငုံ့ကြည့်လာ၏။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသယောင်ရှိပါသည်။