(Unicode)
"ခွပ်!"
လူတစ်ကိုယ်လုံး ထူပူသွားပြီး ဒေါသမီးတောင်မှာ ပေါက်ကွဲသွားသဖြင့် မာန်ထည်ဝါ့မျက်နှာကို ခွန်း အားကုန်ထိုးလိုက်၏။ ဒါ ခွန်းရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားခြင်းပင်။ လွန်ခဲ့သည့်စက္ကန့်ပိုင်းမှ မာန်ထည်ဝါ၏ နှုတ်ခမ်းတို့ ထိကပ်ခဲ့သော သူ့ နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်း ဖိသုတ်ပလိုက်သည်။ မနှစ်မြို့ခြင်းသည် ရင်ထဲမှဆန်တက်လာကာ ပျို့အန်တော့မလိုတောင် ထင်ရသည်။
"ကျွန်တော် gay ဆိုတာမှန်ပေမဲ့ ယောကျ်ားတိုင်းကို လိုက်ကြိုက်နေတဲ့ကောင် မဟုတ်ဘူး၊ ခင်ဗျားလိုကောင်မျိူးကိုဆို ပိုလိုတောင် ဝေးသေးတယ်"
"အစွာလေးပါလား ကိုယ်တော့ကြိုက်ပြီ"
" ခင်ဗျား ! ပြန်တော့"
"တကယ် ပြန်ရမှာလား"
"နေဦး"
ခွန်း သက်ပြင်းချလိုက်သည်။ ဒီလူနှင့် တစ်စက္ကန့်လေးတောင် အတူမနေချင်ပေမဲ့ သက်သေတွေမရသရွေ့ ဖမ်းချုပ်ထားရဦးမည်။
"ခင်ဗျား ကျွန်တော်နဲ့နေ"
"ဒါဆို ချည်ထားတာတွေ ဖြေပေးလေ"
"မရဘူး ခင်ဗျား ထွက်ပြေးသွားမှာပေါ့"
"ဟ ဒါပြန်ပေးဆွဲမှုမြှောက်တယ်နော်"
"စုံထောက်တစ်ယောက်က တရားခံတစ်ယောက်ကို ဖမ်းချူပ်တာဟာ ဘာအမှုမှမမြောက်ဘူး ပြီးတော့ ခင်ဗျားပဲ အသာတကြည်လိုက်လာတာ"
ခွန်း ထိုးလိုက်၍ နှုတ်ခမ်းထောင့်တွင် သွေးစွန်းနေသည်ကို မာန်ထည်ဝါ လျှာနှင့်လျက်လိုက်ပြီး ခွန်းကို မျက်လုံးမှေးကြည့်၏။
"မင်းက စုံထောက်တစ်ယောက်မဟုတ်တော့သလို ကိုယ်လည်း တရားခံမဟုတ်ဘူး"
"အေး ငြင်းထား ငြင်းထား၊ ကျွန်တော် မရရအောင် ဖော်ထုတ်မှာ"
"ကံကောင်းပါစေ ခွန်းနောင်ခ"
ဆွေ့ဆွေ့ခုန်နေပြီး သူ့ကို ဝါးစားမတတ်ကြည့်နေသော ခွန်းနောင်ခဆိုသည့် အကောင်သေးသေးလေးကို မာန် လှောင်ပြုံးတစ်ခု ပြုံးပြလိုက်သည်။ Triangle Shopping Mallကြီး ကျရှုံးတာကို မြင်ချင်သလို မင်းအဖေကော၊ မင်းကိုပါ အပြိုပြိုအလဲလဲနဲ့ ပျက်ဆီးစေချင်တာမို့ စောင့်ကြည့်နေလိုက်ပါ ခွန်းနောင်ခ။ မင်း ငါ့ကို ဖြေးဖြေးချင်း ကြွေကျလာအောင် လုပ်ပြမယ်။