အပိုင်း(၈) - သောက်တလွဲ ဦးငယ်

234 29 16
                                    

[Unicode]

ဟိုဆော့ ညဘက်ကြီး သူ့ရဲ့အရှုပ်ထုပ်caseတွေကိုဖြေရှင်းပြီးတာနဲ့ အိမ်ပြန်ရောက်တော့ ၁၀နာရီပင်ထိုးလို့ ကျော်နေပြီဖြစ်သည်။ပြောရရင်တော့ အခြေအနေကလုံးဝမကောင်းပါ။ဒီဇာတ်လမ်းကို ဖန်တီးခဲ့တာ ဟိုငါးကောင်လို့လည်းသိလိုက်ရတော့ ပိုဒေါသထွက်သွားရသည်။အရှုပ်ထုပ်ကတော့ တော်တော်နဲ့ရှင်းလိုက်ရလို့ ရှင်းသွားပေမယ့် ချစ်သောဆရာမက သူ့အား စိတ်ဆိုးလို့သွားလေပြီ။

~

ဘုတ်!

ပြတင်းပေါက်ကို တစ်ခုခုလာမှန်တာကြောင့် အတွေးထဲမျောနေတဲ့ဟိုဆော့ လန့်ပြီးတုန်တက်သွားရသည်။တဆက်တည်းမှာပဲ ချစ်သောဟွာယောင်းလေးပြောခဲ့တဲ့ ဟောလိုးဝင်းအကြောင်းတွေပါပြန်သတိရလာသည်။ ညလည်းတော်တော်မိုးချုပ်နေပြီမလို့ ကြောက်စိတ်ကလည်းဝင်လာသည်။

ထယ်ယောင်းကတော့ပြောဖူးပါတယ် ဒီလိုကြောက်တတ်တာနဲ့ မင်းရဲ့ဆရာမကိုဘယ်လိုကာကွယ်မလဲလို့ခဏခဏပြောဖူးပေမယ့် အဟဲ...ချစ်သောဆရာမလေးကတော့ ကြောက်တတ်မယ့်ပုံမပါ်တာမို့ ဒီကြောက်တတ်တဲ့နေရာလေးကိုတော့ ဆရာမလေးက ကိုယ့်ကာကွယ်ပေးပါလို့ တောင်းဆိုရမယ်။

ဘုတ် ဘုတ် ဘုတ်!!!

ပြတင်းပေါက်ကို လာမှန်နေတာက ခုနတုန်းကလို တစ်ချက်တည်းမဟုတ်တော့ဘူး။

ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်!!!

"ဘာလဲ! သရဲခြောက်တာလား
ငါတစ်ယောက်တည်းရှိတယ်ဆိုပြီး ဘာတွေ ဂလုံးဂလုံး ဘုတ်ဘုတ်ဘုတ်နဲ့ လာထုနေတာလဲ!
မကြောက်ဘူးနော် ထွီး! အေးဆေးပဲ ဟျောင့်😏"

ဟိုဆော့မကြောက်ဘူးလို့ ပြောချင်တာပြောလိုက်လို့လားမသိဘူး ထပ်ထုလာကြသည်။

ဒုန်း!!!

ဒီတစ်ခေါက်ကအသံကျယ်တယ်ဟ!

ကြောက်တာနဲ့ ဟိုဆော့ စောင်ခေါင်းမူးခြုံပြီး အိပ်ဆက်ခြင်းဆီသို့ မြန်မြန်သွားခဲ့တော့သည်။

တကယ်တော့ ဟိုဆော့ရဲ့ပြတင်းပေါက်ကို ဟိုစပ်စလူးငါးကောင်က သူကြောက်တတ်မှန်းသိသိနဲ့ ဂဲနဲ့ လှမ်းထုနေခဲ့တာကို ဂျောင်ဟိုဆော့တစ်ယောက်ကတော့ မသိခဲ့ပါလေ။

He's a MANIAC || Completed ||Nơi câu chuyện tồn tại. Hãy khám phá bây giờ