အပိုင်း(၁၂) /ဇာတ်သိမ်းပိုင်း

302 29 27
                                    

[Unicode]

နေရောင်ခြည်လေးရဲ့ ပန်းပွင့်လေး

***

"ဟွာယောင်းရှီ..."

အိမ်ဝင်းထဲက ပန်းခင်းလေးနားမှာ ထိုင်နေသည့် ဟွာယောင်းနားသို့ ဟိုဆော့ပြေးလာခဲ့သည်။

ဟွာယောင်း သူ(မ)ရဲ့နာမည်ခေါ်သံကြားပေမယ့် ပြန်မထူးမိပါ။ဘာလို့ဆို ရှက်သည်ကိုး။
ဒီတစ်ခေါက်တော့ ချစ်ရသူနဲ့ ထပ်ပြီးမခွဲချင်တော့သည့်အတွက် ဖွင့်ပြောလိုက်ပြီးကာမှ ရှက်ရှက်နဲ့ အိမ်ထဲက ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။

"ဟွာယောင်းရှီ..."

ဟိုဆော့ ဟွာယောင်းထိုင်နေတဲ့ဘေးနားတွင်
သူပါဝင်ထိုင်လိုက်သည်။

"ဟွာယောင်းရှီ...
ခုနက မေမေတို့ရှေ့မှာပြောတဲ့စကားကလေ..."

ဘေးမှာထိုင်ပြီး အိမ်ထဲကအကြောင်းတွေပြန်ပြောနေသည့် ဟိုဆော့ကြောင့် ဟွာယောင်း ဟိုဆော့နဲ့ မျက်နှာချင်းမဆိုင်ရဲပဲ တစ်ဖက်သို့လှည့်နေမိသည်။

"တကယ်လားဟင်..."

ဘာမှ ပြန်မဖြေလာသည့်ဟွာယောင်းကြောင့်
ဟိုဆော့သက်ပြင်းခပ်ယဲ့ယဲ့ချမိသည်။

"ဟွာယောင်းရှီ..."

နာမည်ခေါ်လည်းမလှည့်လာတဲ့ ဟွာယောင်းကြောင့်
ဟိုဆော့ အခက်တွေ့ရပါသည်။

ဟွာယောင်းပြန်ဖြေအောင် ဘယ်လိုနည်းသုံးရမလဲဆိုတာ စဉ်းစားရင်း ဂျောင်ဟိုဆော့တစ်ယောက် အကြံရလာသည်။

"ရပါတယ်လေ...ဟွာယောင်းက ကိုယ်မိန်းမ မယူချင်တာသိလို့ တမင်ကူညီပေးတာမလား ဒီလိုမျိုးနဲ့တော့ ဟွာယောင်းရဲ့ အကူအညီကိုမလိုချင်ပါဘူး"

ဟွာယောင်းကတော့ ဟိုဆော့ပြောလာတဲ့စကားကိုသာ နားထောင်နေမိသည်။

"ကိုယ်လိုချင်တာက ဟွာယောင်းဆီက အချစ်တစ်ခုထဲမလို့ ဟွာယောင်းက တကယ်မချစ်မှတော့ ကိုယ်လည်း မေမေတို့ ပေးစားတဲ့သူနဲ့ပဲ ယူလိုက်ပါတော့မယ်"

He's a MANIAC || Completed ||Donde viven las historias. Descúbrelo ahora