(Unicode)
1920 ကရက်ဒေါက်အားဒုတိယဘုရင်ခံချုပ်အဖြစ်မြန်မာနိုင်ငံ၌ခန့်အပ်ပြီးချိန်
စတော့ဂိတ်လမ်းမတလျှောက်မြန်မာနိုင်ငံအတွက်ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်ဆန္ဒပြတောင်းဆိုသံ
များဆူညံကျယ်လောင်နေသည်ထိုလူအုပ်ကြီးမှာဆူးလေဘုရားကိုချီတက်နေကြခြင်းဖြစ်သည်။အိန္ဒိယ အစိုးရ၏ ဂန္ဒီ၏ ၁၉၂၀-၂၂ မပူးပေါင်းရေး လှုပ်ရှားမှုကို ငြင်သာစွာ ကိုင်တွယ်ခဲ့သည်နှင့် ဆန့်ကျင်စွာ မြန်မာနိုင်ငံတွင်မူ ကရက်ဒေါက်သည် ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်မနေ ပေးရတော့မည့် အခြေအနေကို မြင်သော
အခါတွင် သူသည် မြန်မာတို့သည် အစိုးရအဖြစ် အုပ်ချုပ်ရန် မသင့်လျော်ကြောင်း စီမံကိန်းကို
တွန့်တိုစွာဖြင့် ရေးဆွဲတင်ပြခဲ့သည်။
အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို စီရင်အုပ်ချုပ်မည့်သူတို့၏
ကော်မရှင်နာ မင်းကြီးများ၊ ဒုတိယ ဘုရင်ခံနှင့် ဘုရင်ခံများ နေထိုင်ရန်နှင့် ရုံးစိုက်ရန်အတွက်
ရန်ကုန်မြို့ အလုံလမ်းတွင် (ယခုသမ္မတအိမ်တော်) ခမ်းနားကြီးကျယ်သော အဆောက်အဦးကြီးကို တည်ဆောက်ခဲ့သည်။
ဘုရင်ခံအိမ်တော်အတွင်းရှိလေထုမှာတိတ်ဆိတ်နေပြီးခြောက်ခြားဖွယ်ကောင်းနေသည်
"Sir ကရက်ဒေါက်စီမံကိန်းကိုပြန်ပြင်ဦးမလား?"
ထိုသို့ပြောလိုက်သူမှာတခြားသူမဟုတ်YMBAမှတည်ထောင်သူ၁ဦးဖြစ်သောဦးဘဘေ၏တပည့်ရင်းဖြစ်ပြီးမိန်းမ၁ယောက်လည်းဖြစ်တယ်ဒီကိုဘုရင်ခံကရက်ဒေါက်ရောက်ရှိလာကတည်းကသူလျှိုအဖြစ်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်
"အဲ့တာဆိုသူတို့ကိုတော်လှန်ဖို့အခွင့်အရေးပေးလိုက်ရမှာလား?"
ကရက်ဒေါက်ကပြန်ပြောသည်
"Sirသဘောအတိုင်းပါ"
YOU ARE READING
နွေပိတောက်(one short)
Historical Fictionနှောင်းကိုချစ်ခဲ့မိတာဝဋ်ကြွေးဆိုအဲ့ဝဋ်ကြွေးကိုပျော်ပျော်ကြီးဆပ်ရဲတယ်