🤍 မိုးခါးရေ 🤍
[ အပိုင်း 5 ]
"ဦးလေး ဒါကျွန်တော့်မိန်းမကိုယ်တိုင်ပြုတ်ထားတဲ့ ကြက်သားဆန်ပြုတ်လေး ..... ပူတုန်းလေး သောက်လိုက်မလား ကျွန်တော်ပြင်လိုက်မယ်လေ....."
"ရတယ်အစ်ကို ကျွန်တော်ပဲ လုပ်လိုက်မယ်..... "
"အေးအေး ညီလေး....."
ဦးမောင်သန်းရဲ့ တူဆိုတဲ့ ကောင်လေးကသူပဲ လုပ်လိုက်မယ်ပြောတာကြောင့် မောင်မောင် လက်ထဲမှ ဆန်ပြုတ်ချိုင့်လေးကို လွှဲပေးလိုက်ရ၏.....
ထိုကောင်လေးက ဦးမောင်သန်းအစ်ကိုရဲ့ သားလေးဟုတော့ ပြောတာပင် ..... ဦးမောင်သန်းရဲ့ အစ်ကိုကတော့ ဆုံးသွားရှာပြီဟု သိရသည်.....
ဘာပဲဖြစ်ဖြစ် ဒီကောင်လေး ရှိနေလို့သာ ဦးမောင်သန်းအတွက် တော်သေးသည်....
ပထမနေ့ညက သူနဲ့ ချစ် ဆေးရုံစောင့်ပေးခဲ့ပြီး နောက်တစ်နေ့မနက်မှာတော့ ဦးမောင်သန်းက သူ့တူကို ချက်ချင်းပဲ ဖုန်းဆက်ကာ လှမ်းခေါ်ခဲ့၏.....
"မင်းလဲ ငါ့ကို ကူညီရလို့ ဒုက္ခတွေ များနေပါပြီ မောင်မောင်ရယ်..... ငါ့ကို အခုလို ကူညီတဲ့အတွက်ရော ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက်ရောကြောင့် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်.....ချစ်ပုံကိုလဲ ကျေးဇူးတင်တယ်လို့ ပြောပေးပါကွာ......."
"ဒီရက်ပိုင်း ကျွန်တော့်ကို တွေ့တာနဲ့ ကျေးဇူးချည်းတင်နေတော့တာပဲ ဦးလေးရာ..... ဦးလေးကို အခုလို ကူညီခဲ့တာကျွန်တော်တို့အတွက်က ဘာမှအပန်းမကြီးပါဘူး....ဒီလိုကူညီရတာကိုပဲ ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးက ၀မ်းသာနေတာပါ......"
မောင်မောင့်စကားတွေကြားပြီး ဦးမောင်သန်းရဲ့ စိတ်ထဲ နောင်တတရားတို့ရဲ့ ထိုးနှက်မှုက ပိုပြီးဆိုးရွားလာသည်......
"မောင်မောင် ... မင်းအလုပ်က ဘယ်အချိန်တက်ရမှာလဲ ...."
" အလုပ်က 9 နာရီထိုးမှ ဦးလေးရ.... အချိန်ကလိုပါသေးတယ်..... ချစ်ပုံက ဆန်ပြုတ်ပြုတ်ပေးလိုက်တာမို့ အိမ်က စောစောထွက်လာပြီး ဦးလေးဆီ အရင် လာပို့တာ....."
YOU ARE READING
🤍မိုးခါးရေ🤍
Romanceဘ၀ကို အရိုးသားဆုံး အဖြူစင်ဆုံး ဖြတ်သန်းတတ်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်~~