9

2.9K 97 0
                                    

🤍 မိုးခါးရေ 🤍

[ အပိုင်း 9 ]

"အန်တီဝေရေ .... အန်တီဝေ "

"ဖိုးသားလား .... အထဲ၀င်ခဲ့လေ "

မောင်မောင်တို့ စာခေါ်သင်ပေးခဲ့သည့် ဖိုးသားပင် ဆယ်တန်းအောင်သွားခဲ့ပြီး အခုဆို အဝေးသင်တက်ကာ စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်ရနေပြီ ဖြစ်သည်။

ဖိုးသားတို့ အမေဆိုတာလဲ မောင်မောင်တို့ ကူညီပေးခဲ့တဲ့ အရင်းအနှီးလေးအနည်းငယ်နဲ့ ကုန်စိမ်းရောင်းပြီး အဆင်ပြေနေတာမို့ အခုဆို သူတို့မိသားစုလေးမှာ အမှိုက်ကောက်သည့်ဘ၀မှ လွတ်မြောက်သွားရပြီ ဖြစ်သည်။

ဖိုးသားက အိမ်ထဲသို့ အလောတကြီး ၀င်လာကာ ....

"အန်တီဝေ.... ကျွန်တော် လမ်းထိပ်မှာ ညီသွေးသစ်လေး အကြောင်းကြားလာခဲ့လို့ .... အဲ့တာတကယ်ပဲလားဟင် "

ဆေးရုံက ပြန်လာတော့ လမ်းထိပ်မှာ အသိတစ်ယောက်နဲ့တွေ့လို့ ညီသွေးသစ်လေးအကြောင်း  မဝေပြောပြခဲ့မိပြီး အဲ့လိုကနေ တစ်ယောက်စကား တစ်ယောက်နားဖြင့် ရပ်ကွက်ထဲမှာ ထိုကိစ္စဟာ ချက်ချင်းဆိုသလို အချိန်ခဏလေးအတွင်းမှာပဲ ပျံ့နှံ့သွားခဲ့ရသည်။

သူမတို့ တစ်ရပ်ကွက်လုံးမှာ မောင်မောင်နဲ့ ချစ်ပုံတို့ မကူညီပေးဖူးခဲ့သည့်သူဆိုတာ မရှိသလောက်ရှားတာမို့ အားလုံးမှာ ညီသွေးသစ်လေးအကြောင်းကြားပြီး စိတ်မကောင်း ဖြစ်ကြသည်။

ပြီးတော့ သူမကမောင်မောင်နဲ့ ချစ်ပုံမှာ ညီသွေးသစ်လေးကို ခွဲစိတ်ပေးဖို့အတွက် ငွေအခက်အခဲဖြစ်နေတယ်ဆိုတာကိုပါ ထည့်ပြောခဲ့တာကြောင့် အားလုံးက သူမဆီရောက်လာကြကာ အကျိုးအကြောင်း သေချာလာမေးကြပြီး မောင်မောင်နဲ့ ချစ်ပုံတို့ကို ပြန်ကူညီပါရစေဆိုပြီး ၃ထောင်၊၅ထောင်၊ ၁သောင်း စသဖြင့် နိုင်သလောက် ကူညီသွားကြ၏။

"အန်တီဝေ ကျွန်တော်မေးတာကို ဖြေဦးလေဗျာ.... ဘာတွေ အတွေးလွန်နေတာလဲ "

"အေးပါ ဖိုးသားရယ်.... ငါလဲ မောင်မောင်နဲ့ ချစ်ပုံတို့ဆီ စိတ်ကပြန်ရောက်သွားလို့ပါ .... နင်ကြားခဲ့တဲ့ သတင်းက အမှန်ပဲ .... ညီသွေးသစ်လေးက နှလုံးအဆို့ရှင်ကျဥ်းနေတာ .... အဲ့တာ ခွဲစိတ်မှ ရမယ်တဲ့..... ခွဲစိတ်တာကလဲ ဒီမှာခွဲတာတောင် သိန်း 30 လောက်ကုန်မှာတဲ့ဟယ်....."

🤍မိုးခါးရေ🤍Where stories live. Discover now