💫 🅂🄸🅇🅃🄴🄴🄽 💫

171 14 0
                                    

#Zawgyi

ဆယ်တန်းအောင်စာရင်းကြီးထွက်ခါနီးမို့လို့
ရှမ်းပြည်သို့်ရောက်ရှိနေသော လွမ်းတော်မူလေး တိမ်ယံထက်ဟာ ရန်ကုန်သို့ဝုန်းဒိုင်းပြန်ရောက် လာသည်လေ ။ အောင်စာရင်းကြည့်ချင်တာထက် သူ့နှလုံးသားပဲ့ကိုင်ရှင်လေးကိုမြင်ချင်စိတ်က နည်းနည်းသာနေပါသည် ။ ရန်ကုန်သို့ရောက်ရောက်ချင်း သုံးရက်လောက်နားနေပြီး သရဖီအိမ် ဆီသို့ခြေကုန်သုတ်ခဲ့သည် ။ သူ့လက်ထဲတွင်တော့ ရှမ်းပြည်ကအမှတ်တရလက်ဆောင်တွေ တပွေ့တပိုက် ။

"ဟင်"

ခြေလှမ်းတွေက တက်ကြွစွာလှမ်းနေရာမှ ရပ်တန့် သွားသည် ။ တွေ့မြင်လိုက်ရသော မြင်ကွင်းသည် ကား သော့ခတ်ထားသော သရဖီတို့အိမ် ။ သူ အနည်းငယ်ကြောင်အသွားကာ... ၊

"ဘယ်သွားကြတာပါလိမ့် အိမ်ရှင်တို့ အိမ်ရှင်တို့ သရဖီရေ"

ဘေးနားကတိုက်ကထွက်လာသော ဦးလေးကြီး တစ်ယောက်က သူ့အားကြည့်ကာ... ၊

"ကောင်လေး"

တိမ်ယံလည်း သူ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်ကာ... ၊

"ဟုတ်ကဲ့ပါ"

"ဒီအိမ်ရှင်တွေဆီလာတာလား"

"ဟုတ်ပါတယ် ဦးလေး"

"အော် သူတို့်ကဒီမှာမနေကြတော့ဘူးကွ ပြောင်းသွားကြပြီ"

"ဗျာ ! "

သူဘာပြန်ပြောရမလဲမသိ ။ လွမ်းနေကာ အခုပြန် ရောက်ပြီမို့လို့ အလွမ်းပြေတော့မည် ဟုတွေးကာ ပျော်မိသမျှ အပျော်တို့အား ထိုဦးလေးကြီးစကား အား ဖယ်ရှားလိုက်သလို ။ သူအသံထွက်အောင်ကြိုးစားလိုက်ကာ... ၊

"သူ... သူတို့ဘယ်ပြောင်းသွားတာလဲဟင် ဦးလေး"

"ဒါတော့ ဦးလေးလည်းမသိဘူး ဦးလေးသွားတော့ မယ် ကောင်လေး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဦးလေး"

သူပြန်နှုတ်ဆက်လိုက်ကာ သော့ခတ်ထားသော အိမ်အားကြည့်ကာ ဝမ်းနည်းစိတ်တို့ လှိုက်ခနဲ ။

ငါ့ကိုတောင် မနှုတ်ဆက်တော့ပါလား ။
ခဏလေးတောင်မစောင့်နိုင်တော့ဘူးလား ။

🌠  လှည့်စားတက်သော တစ်စုံတစ်ရာ 🌠 Where stories live. Discover now