💫 🄵🄾🅄🅁 💫

284 16 0
                                    

#Zawgyi

တိမ်ယံတစ်ယောက်အိမ်မှထွက်လာကာ အိမ်နားမှ Shopping Mall ဆီသို့ရောက်လာသည်။ သူက Shopping ထွက်ရတာမကြိုက်ပါ။ Shopping Mall ထဲမှာ 15 မိနစ်လောက် နေရင် စိတ်ညစ်လာတာဟာ သူ့အကျင့်ပါ။ အခုတော့ဝယ်စရာရှိလို့ရောက်လာခြင်းပင်။

မိန်းကလေးတွေအကြိုက်ဖြစ်သော Fancy ပစ္စည်းတွေ ရောင်းသောဆိုင်ကြီးရှေ့သို့ သူခဏရပ်ပြီး ငိုင်နေရာမှ နောက်တော့ဆိုင်ထဲဝင်သွားမိသည်။ များပြားလှသော Fancy ပစ္စည်းတွေကြားထဲ သူဘာရွေးရမလဲမသိ အူတူတူဖြစ်နေတုန်း ကောင်တာမှ အစ်မတစ်ယောက် ရောက်လာကာ

"မောင်လေးဘာယူမလို့လဲ"

"ကျွန်တော်သူငယ်ချင်းမလေးအတွက် မွေးနေ့လက်ဆောင်ပေးမလို့ပါ ဒါပေမဲ့ ဘာပေးရမလဲမသိလို့ဗျ"

သူသွားလေးအသာဖြဲကာ ပြောလိုက်သည်။

"ဒါဆိုဒီမှာပစ္စည်းလေးတွေရှိတယ် ဟိုဘက်မှာ လည်း ဆွဲကြိုးလေးတွေနားကပ်လေးတွေရှိတယ် မောင်လေးကဘာလိုချင်တာလဲ"

သူခေါင်းအားအသာကုတ်လိုက်မိသည်။

"ဒါမှမဟုတ် Gift Box ပေးမလား အစ်မတို့ဆိုင်က အဲ့တာလည်းလုပ်တယ် ငွေပေးချေတဲ့တန်ဖိုး အတိုင်း ကလစ် ခေါင်းစည်းကြိုး တွေလည်းထည့် ပေးတယ် ဆွဲကြိုးတို့နားကပ်တို့လည်းလိုချင်ရင်ထည့်ပေးတယ်"

"အဲ့တာဆို အဲ့တာယူမယ်ဗျာ အစ်မ အစ်မအဆင် ပြေသလိုထည့်ပေးပါနော်"

သူငွေရှင်းပြီးမုန့်သွားစားမလို့ပြင်ကာ

"အစ်မကျွန်တော်ခဏနေလာယူမယ်နော် အခုသွားစရာရှိလို့ ဒီမှာပိုက်ဆံ"

"ကောင်းပါပြီ မောင်လေး"

သူလှည့်အထွက် မျက်လုံးထောင့်ကနေရိပ်ခနဲမြင် လိုက်ရတဲ့ Lucky Clover ဆွဲကြိုးလေး။ သရဖီက Lucky Clover လေးတွေအား အရမ်းသဘောကျတာကိုသူသိသည်။ သူမကလစ် တွေ ဘာတွေတောင် Clover လေးတွေရွေးဝယ် လေ့ရှိသည်။စာအုပ်ဆိုလည်း Clover ကိုအဖုံး ထားထားရင်ဝယ်လာပြီ။နောက်တော့လူတွေက Clover လေးတွေကို ကံကောင်းခြင်းတွေယူ ဆောင်လာပေးတယ်လို့ယုံကြည်ကြတယ်လေ။

"အစ်မ ဒါလေးပါထည့်ပေးပါနော်"

သူ ထိုအစ်မအားပေးကာ မုန့်သွားစားကာပြန်လာပြီး ထို Box လေးအားယူကာ အိမ်သို့ပြန်လာခဲ့သည်။

🌠  လှည့်စားတက်သော တစ်စုံတစ်ရာ 🌠 Donde viven las historias. Descúbrelo ahora