Unicode~~~
ကြည်ပြာရောင်ကောင်းကင်ကြီးတွင် အနွေးဓာတ်ရောင်ခြည်တို့ထုတ်လွှတ်လျက်
တိမ်လိပ်တို့ကင်းစင်ကာ ဝါဝင်းသောနေလုံးကြီးကနေရာယူထားသည်။
စိမ်းစိုနေသောသစ်ပင်ကြီးများအောက်တွင်ကလေးများအသီးသီးနေရာယူကာ
ဂေါ်လီပစ်တမ်း၊စိန်ပြေးလိုက်တိုင်း၊အိုးပုတ်ဂျိုးရုပ်များဖြင့်အချက်အပြုတ်တမ်းကစား
နေကြသည်၊၊လန်းဆန်းကြည်လင်သာယာသောထိုနေ့လယ်ခင်းလေးက
နေ့ကောင်းနေ့မြတ်လေးပမာ။အုတ်တံတိုင်းလေးခြားထားသော နေရာလွတ်
ကွင်းပြင်ထဲတွင်ကြက်တောင်ရိုက်သူကရိုက်ဘောလုံးကန်သူကကန်နှင့်
အလုပ်ရှုပ်နေကြသည်။ ထိုတံတိုင်းကိုကျော်ကာ
ရထားလမ်းပေါ်တွင်ဆောက်ထားသောတံတားအစိမ်းရောင်လေးပေါ်၌
သာယာသောနေ့လေးနှင့်ဆန့်ကျင်ဘက် ရင်ထဲဗလောင်ဆူကာ
ဝမ်းနည်းမှုနှင့်ဒေါသရောယှက်နေသောမျက်ရည်များပါးပြင်ပေါ်တွင်စီးကျနေသော
ကောင်မလေးတစ်ယောက်။အနက်မရောက်အညိုမရောက်သောအုန်းမိုးခွက်ကေတိုတို၊
အဝါဖျော့ရောင်shirtကို ဘောင်းဘီအမဲဒူးလောက်ထိအတိုလေးဖြင့်တွဲဝတ်ဆင်ထားသောထိုကောင်မလေး
ကိုမိန်းကလေးဟုပင်ထင်စရာတစ်ကွက်မျှမရှိ။
ကောင်လေးတစ်ယောက်ပမာပင်။
ငိုထားသည်မှာအတော်ကြာပြီဖြစ်၍မျက်လုံးတို့နီရဲပြီးပူထူကျိန်းစပ်နေမည်မှာ
ဧကန်မလွဲ။
Mainဇာတ်ကောင်နေရာကစပါပြီ။
MCကယောက်ျားလေးဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်မို့ကျွန်တော်နဲ့သုံးပါမယ်။ကျူရှင်ကပြန်ရောက်ရောက်ချင်း အိမ်အပြင်မှကြားရသောဆူညံသံတို့ကြောင့်
ထုံးစံအတိုင်းအဖေနှင့်အမေရန်ဖြစ်နေမှန်းကျွန်တော်တန်းသိသည်။
အဖေအော်ဆဲသံတို့ကခုနှစ်အိမ်ကြားရှစ်အိမ်ကြားနားကလောလှသည်။
အမေကတော့ပြောသမျှငြိမ်ခံကာဘာတုန့်ပြန်မှုမှမပြု။
သားသမီးမျက်နှာနှင့်ငြိမ်ခံပေးနေမှန်းသိသာလှသည်။
ထိုအရာကိုလည်းကျွန်တော်ခံအပြင်းဆုံးဖြစ်သည်။
ထိုသို့ငြိမ်ခံပေးနေသောကြောင့်လည်းကျွန်တော်တို့မိသားစု
ပြိုမကွဲသွားသေးတာယနေ့ထိဖြစ်သည်။
စကားတို့တစ်စတစ်စလွန်လာသည်နှင့်အမျှ အမေသည်းခံနိုင်ပေမယ့်ကျွန်တော်သည်းမခံ
နိုင်ပါ။ထို့နောက်လက်ပါလာသည်ဖြစ်၍သည်းခံစရာလည်းဘာအကြောင်းမှမရှိ။
အိမ်၏ဧည့်ခန်းတွင်းသို့ဝင်ကာ အဖေကိုအားကုန်တွန်းပစ်လိုက်သည်။
နောက်သို့အနည်းငယ်ယိုင်သွားသော်ငြားလဲသွားခြင်းမရှိ။
မျက်ထောင့်နီတို့ကကျွန်တော့်ဆီမှာဒေါသအပြည့်ဖြင့်။
အမေ့ရှေ့မှာကာ၍ရပ်နေသည်ဖြစ်၍အနောက်မှအကျီစကိုလှမ်းဆွဲထားသော
အထိအတွေ့ကြောင့်ကျွန်တော်ပို၍ပင်ကာထားလိုက်သည်။
အကျီကော်လံစမှဆွဲ၍ကိုင်ကာမျက်နှာပေါ်ကျလာသောလက်သီးချက်ကပြင်းထန်သော
ငြား ကျွန်တော်ခြေထောက်တို့ယိုင်မလဲသွားပါ။ဤသည်မှာလည်းကျွန်တော့်လက်ကို
ကျစ်ကျစ်ပါအောင်လှမ်း၍ဆုပ်ကိုင်လိုက်သောလက်တစ်စုံမှပေးသောခွန်အားဖြစ်သည်။
နှုတ်ခမ်းမှစိုစွတ်သောအထိအတွေ့ကြောင့်နှုတ်ခမ်းပေါက်သွားမှန်းသိသောကြောင့်
လက်ခုံဖြင့်နှုတ်ခမ်းမှသွေးတို့ကိုဖိသုတ်လိုက်သည်။နီရဲတောက်နေသောထိုမျက်လုံးထဲသို့
စိုက်ကြည့်ကာမဖယ်ပေးပဲရပ်နေလိုက်သည်။
တောက်ခေါက်သံအကျယ်ကြီးဖြင့်
'နင့်အကြည့်ကိုနင်ပြင်ထား! စောက်ချိုးကတစ်စက်မှမပြေဘူး ဖအေကိုကြည့်တဲ့ပုံကိုက
ရရင်ရသလိုသတ်မယ့်ရုပ်မျိုး'
YOU ARE READING
Sugar Crash ♣️♣️♣️
Fantasyထာဝရဆိုတဲ့စကားလုံးလေးကတောင်ထာဝရမတည်မြဲတာ လူတစ်ယောက်ကမင်းအနားမှာတာဝရနေလိမ့်မယ် လို့မင်းဘာလို့ယုံကြည်ခဲ့တာလဲ။ Based on true story ထာဝရဆိုတဲ့စကားလုံးလေးကတောင်ထာဝရမတည်မြဲတာ လူတစ်ယောက်ကမင်းအနားမှာတာဝရနေလိမ့်မယ် လို့မင်းဘာလို့ယုံကြည်ခဲ့တာလဲ။ Based on tr...