Zawgyi~~~
ကားမှန်ပေါ်မှစီးကျနေသောမိုးစက်ပေါက်ကလေးများစုံဆင်းကာညွှန်ပြနေသကဲ့သို့
ကားမှန်ပြင်ပမှနေရာမှညောင်ပင်ကြီးအောက်ရှိအုတ်ဘောင်တန်းလေးဆီသို့
အမှတ်တမဲ့မြင်လိုက်မိသောကြောင့် အတိတ်ကမ္ဘာသို့အတွေး
တို့တစ်သီတစ်တန်းကြီးပြန်လည်ရောက်ရှိသွားကာအတိတ်ဆီသို့ပြန်လည်နစ်မြုပ်သွား
လေသည်။
~~~~~~~~~~~~မနေ့ကမြင်ခဲ့သောကောင်မလေးထိုကောင်မလေးအကြောင်းတွေးရင်းကျွန်တော်ည
အိပ်မပျော်ခဲ့ပါ။အတွေးထဲမှာကြီးစိုးလွန်းနေလို့များလားဒါမှမဟုတ် တစ်ခါမှမရခဲ့ဘူးတဲ့နွေးထွေးမှုတွေကြောင့်လားဝေခွဲ၍မရပါ။
ထိုအတွေးတို့တရီရီနှင့်မကြည်လင်စွာနိုးထလာသောနံနက်ခင်းတစ်ခု
၇နာရီကျူရှင်ရှိသောကြောင့်၆နာရီတွင်ပေးထားသောနိုးစက်သံက
ထမပိတ်မချင်းရပ်မည်ပုံမပေါ်။
ပုံမှန်နေ့ရက်ကိုပြန်လည်လည်ပတ်စေရန်နေ့စဉ်လုပ်နေကြလုပ်ငန်းတို့ကိုစတင်လေသည်။
ပြီးတာနှင့်ညကပြင်ထားသောလွယ်အိတ်ကိုလွယ်ကာကျူရှင်သို့လမ်းလျှောက်
ကာပျင်းစရာကောင်းသောစာများကိုသင်ယူရလေသည်၊၊
မနက်စာစားသွားလေ့မရှိသောကျွန်တော်ကစာသင်ခန်းထဲရောက်ရင်ဗိုက်က
အလိုလိုနေဆာတတ်သည်၊၊ထို့ကြောင့်စာကိုလည်းအာရုံမလာ၊သင်ပုန်းပေါ်က
စာများသာကူးရေး၍ အိမ်စာတို့လိုက်မှတ်ခြင်းလုပ်ငန်းကိုလုပ်ဆောင်လိုက်သည်။
စာအပိုဒ်လိုက်ကူးချ၍ကျက်ရသောပညာရေးစနစ်ငယ်ငယ်ထဲက
မကြိုက်သလိုအတွန့်လည်းမတက်ခဲ့။ဝတ်ကျေတန်းကျေသာလုပ်ဆောင်ခဲ့သည်။
ထိုပျင်းစရာကောင်းသောအချိန်တို့ကျော်လွန်၍၉နာရီထိုးခဲ့လေပြီ။
ကျူရှင်ဆင်းချိန်ဖြစ်၍အတန်းဖော်များအသီးသီးပြန်သွားကြသည်။
သူတို့နည်းတူစွာကျွန်တော်လည်းပြန်မည်အလုပ်။'သမီးရေ ဒီနေ့မြတ်နိုးကျူရှင်မလာတာသူ့အမေကသင်တဲ့စာတွေပို့ပေးပါဆိုလို့
သူ့အိမ်ကိုပို့ပေးပါလားသမီးရယ်'အဆန်းကြီး!နောက်နေ့လာမှကူးလည်းရတာကို၊သပ်သပ်အပိုအလုပ်တွေ
အလှမ်းဝေးသောဦးသစ်ဟန်လမ်းတွင်နေ၍ကျွန်တော်နှင့်သိပ်မခင်သည်ကတကြောင်း၊
သူများကိစ္စဝင်ပါရသည်ကိုမကြိုက်သည်ကတကြောင်း
မသွားချင်သွားချင်ဖြင့်ဆရာမခိုင်းသည့်အတိုင်းသွားပေးပေးရလေသည်။
YOU ARE READING
Sugar Crash ♣️♣️♣️
Fantasyထာဝရဆိုတဲ့စကားလုံးလေးကတောင်ထာဝရမတည်မြဲတာ လူတစ်ယောက်ကမင်းအနားမှာတာဝရနေလိမ့်မယ် လို့မင်းဘာလို့ယုံကြည်ခဲ့တာလဲ။ Based on true story ထာဝရဆိုတဲ့စကားလုံးလေးကတောင်ထာဝရမတည်မြဲတာ လူတစ်ယောက်ကမင်းအနားမှာတာဝရနေလိမ့်မယ် လို့မင်းဘာလို့ယုံကြည်ခဲ့တာလဲ။ Based on tr...