"ဒါနဲ့မေးပါအုံးမယ် ခများ က ကျနော့်ကို ကယ်ခဲ့လူလား "
"မင်းက ဘယ်လိုထင်လို့လဲ"
"ဘယ်လိုမှ မထင်ပါဘူးနော်"
" မင်းကို အဲ့လူက မုဒိန်းကျင့်မလို့ ထင်တယ် ငါ့အထင်တော့"
ကော်ဖီခွက်ကို လှုပ်စိလှုပ်စိ လုပ်ပီး တိမ်လွှာ့ ကို မကြည့်ဘဲ ပြောလိုက်တယ်
"ဘာဗျ"
"မဟုတ်လို့လား"
"ခများ အဲ့လိုရီးတော့ မပြောသင့်ဘူးလေ"
"ငါက အဲ့လိုပဲ ပြောတတ်တယ်"
အဲ့လိုပြောနေတုန်း ကော်ဖီခွက်ကို ချပီး တိမ်လွှာ့နား တိုးကပ်သွား တော့
"ခင်များ.ခင်များ ဘာလုပ်တာလဲ"
အနီးကပ် မြင်လိုက်ခါမှ ထိုလူက ခန်နာကိုယ် တော်တော် ကြီးသည် အရပ်က 6'3 လောက် ရှိ လောက်မည် မျက်နှာကလဲ အဆီကင်းစင်ကာ ချောမွေ့နေသည် နှာခေါင်းက ချွန်ပီး နှာခမ်းက မထူမပါး သေချာ ကြည့်လိုက်တော့လဲ ချောသားပဲ
တိမ်လွှာ့စိတ်ထဲတွင်
*တောက်စ် ငါကျ အရပ်က 5'2 ပဲရှိတယ် သူကျ အရှည်ရီးပဲ ရုပ်ကလဲ ယောကျာ်းပီသလိုက်တာ.လွန်ရော ငါကျ မိန်းခလေးရုပ်လား ယောကျာ်းလေးရုပ်လား မသဲကွဲဘူး ဟွန့်*တိမ်လွှာ့တွေးရင်း နှာခမ်းလေး ဆူလာတော့
ဘုန်းရှိန်စိတ်ထဲတွင်
*ဟ ငါစိတ်ထဲ ဘာတေဖစ်နေတာလဲ အဲ့ကောင်လေး ကိုတွေ့လိုက်ရင် ဟိုနေရာက တဒုန်းဒုန်း ဒီနေရာက တဒုန်းဒုန်း နဲ့ ဟိုနေ့ ကလဲ သူ့ကို ဘာလို့ ကယ်ခဲ့မှန်းမသိ*ဘုန်းရှိန်က တော်ရုံတန်ရုံ သူများ အကူညီလိုရင် ပေးတတ်တာ မဟုတ် ထိုကောင်လေးရဲ့ အသံကို ကြားလိုက်တော့ သူ့စိတ်ထဲ တစ်မျိုးကြီး
<<<<<<<<<(နောက် ပိုင်း က ကိ စ္စ တေ ကို ပြန် ပြော ပြ မရ် ဆို ရင် ဒါ လေး သုံး ပါ မယ် နော်)
"မေမေ သား အပြင်ကို မုန့်သွားဝယ်လိုက်အုံးမယ်နော် "
"အွန်းပါ သားဂရုစိုက်သွားနော် "
"ဟုတ် မေမေ"
တိမ်လွှာ ထွက်လာပီး မုန့်ဆိုင်နားရောက်တော့ လူတစ်ယောက်က သူ့ကိုလက်က ဆွဲ ပီး မှောက်ပစ် လိုက်သည်။ သူ့ကို ညစ်ညမ်းတဲ့ စကားတေ ပြောပီး သူ့ အကျီ ကို အတင်းဆွဲချွတ်နေတော့ တိမ်လွှာ အရမ်းကို ကြောက်နေ မိသည် သူသတိ လစ်သွားသည် အထိ
YOU ARE READING
♡︎𝖩𝖴𝖲𝖳 𝖠 𝖫𝖮𝖵𝖤♡︎
Fanfictionကိုယ် မင်းကို အရမ်းချစ်တယ် မိုးတိမ်လွှာ မင်းကိုလဲ လုံးဝ အဆုံးရှုံးမခံနိုင်ဘူး... #လင်းဘုန်းရှိန် ကျွန်တော်လဲ လူကြီးကို သိပ်ချစ်တယ်... ဒါမဲ့ ကံကြမ္မာက ကျွန်တော်တို့ ဘက်မာ ရှိမနေခဲ့ဘူး... #မိုးတိမ်လွှာ ဤဇာတ်လမ်းပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူး...