Ep22

1.7K 108 2
                                    

ရုပ်တည်နဲ့ မုန့်တွေလိုက်ချပေးနေတယ့်
မောင်ကြောငိ့ ထောင့်ဝိုင်းက ကောင်မလေးတွေမှာ
တစ်ယောက်နဲ့တစ်ယောက် ပူးကပ်လျက်
ကြောက်နေကျပြီ။

ရုပ်တည်နဲ့မောင်ဟာလဲ
ဘယ်သူဘာဖြစ်ဖြစ် ဂရုစိုက်ခြင်းမရှိ
သူ့ရဲ့ အေးစက်နေတယ့် မျက်နှာ
တည်တင်းကာစိထားတယ့် နှုတ်ခမ်းတို့နဲ့
မုန့်တွေကိုသာ လိုက်ချပေးနေလေသည်။

ရိုင်းဧကရာဇ်ဟာ ကိုကိုရဲ့အကူအညီတောင်းမှုကို
ငြင်းပယ်နိုင်စွမ်းမရှိစွာ
ကိုကို့ကိုလဲ ဧည့်သည်တွေကို ပြုံးမပြစေခြင်တာကြောင့်
သူကိုယ်တိုင်သာ မုန့်တွေချပေးနေရတော့သည်။

မကြာပါ မုန့်တွေခနခနမှာနေပြီး
စားလဲမစား
လူကိုသာ ပေါက်ထွက်မတက်ကြည့်နေကျတယ့်
သောက်ကလေးတစ်စုကြောင့်
ရိုင်းရဲ့ မျက်နှာတင်းသထက်တင်းမာလာစဥ်
အနားကို ရောက်လာတယ့်
ဖိနပ်သံလေးနဲ့
လေထုထဲက ရိုင်းနှာခေါင်းဝဆီသို့
ကျီစယ်ကာ ပျံ့လွင့်လာတယ့်
အနံ့လေးကြောင့်
ရိုင်းမှာ ပြုံးမိတော့ ရှေ့က
သောက်ကလေးတစ်စုမှာ အားခနဲ့

"ကိုကို"

"ပြန်ရအောင်လေမောင်
ဇေရန်တို့ရောက်နေပြီ
ကလေးတွေလဲ အိမ်မှာစောင့်နေလောက်ပြီ"

"ဟုတ်ကိုကို ဒါဆိုမောင်လဲ
အပေါ်ထပ်ယူလိုက်ဦးမယ်"

"okမောင် ကိုယ် ဒီမှာစောင့်နေမယ်"

ဆိုင်အတွင်းဘက်ထဲကို ဝင်သွားတယ့်
မောင်
လွန်းသုထက် မတ်တပ်ရပ်နေရင်းမှ
တစ်ယောက်ယောက် ကြည့်နေသလိုဖြစ်တာကြောင့် လှည့်ကြည့်လိုက်တော့
အရင်တစ်ခေါက်က companyကလူတွေနဲ့စုလှူတယ့် ဂေဟာပိုင်ရှင်အမျိုးသားရဲ့
သမီးလေး

"ကလေးမလေး ကျောင်းဆင်းတာ အိမ်မပြန်သေးဘဲ ဒီရောက်နေတာလဲ"

"ဟီး ဟုတ်တယ် သမီး
သူငယ်ချင်းတွေနဲ့ မုန့်လာစားတာ
ဒီမှာလေ ဒီကိတ်လေးတစ်ကယ်စားကောင်းတယ်"

"ဟုတ်ပါပြီ ကလေးတွေ ဝအောင်သာစားကြ
ဒါကိုယ့်ဆိုင်လေ နောက်လဲလာအားပေးဦး
ခုတော့ မဲဆွယ်တယ့်အနေနဲ့ ကိုယ် ရှင်းသွားမယ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now