"မောင် ကိုယ့်ကိုဘဲ စိုက်ကြည့်မနေနဲ့လေအဆိုးလေးရဲ့ "
ဆိုဖာပေါ်မှာ အလုပ်လုပ်နေတယ့်
လွန်းအား အလုပ်စားပွဲကနေ
အကျအန မေးထောက်ကာ
စိုက်ကြည့်နေတယ့်မောင်ကြောင့်
လွန်းသည် ပုံဆွဲနေရင်းကပင် လှမ်းပြောလိုက်သည်။မောင်ကတော့ သူ့အပြောကို နားမထောင်ပါ
လက်ကလေးထောက်ကာ စိုက်ကြည့်နေစဲ"မောင် အဆိုးလေး မင်းတော့
အလုပ်တွေပြီးဦးမယ် "လွန်းရဲ့အပြောအဆုံးမှာ
မောင်ဟာ စားပွဲပေါ် ခေါင်းမှောက်လိုက်ရင်း
နှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့မျက်နှာလေးလုပ်ပြသည်။"မောင် ပင်ပန်းတယ် အရမ်းညောင်းနေတာ
အားလည်းရှိတော့ဘူး
အဲ့တာ မောင့်နှလုံးသားလေးဆီက အားတွေလိုနေပြီ "လွန်း မောင်ရဲ့စကားကြောင့်
သဘောကျစွာ ရယ်တော့
မောင်ဟာ မေးလေးပြန်ထောက်ရင်း
စိုက်ကြည့်နေပြန်သည်။လွန်းလည်း ပုံဆွဲနေတာလေးရပ်ကာ
မောင့်နဲ့ မျက်လုံးအကြည့်ခြင်းစုံအောင်
ပြန်ကြည့်တော့
မိနစ်တစ်ချို့ကြာသည့်နောက်
မျက်နှာ လွှဲရသည်မှာ လွန်းသုထက်သာ
မောင်အကြည့်တွေက စူးရဲလွန်းသည်။"oh! မောင် "
ပုံပြန်ဆွဲရန်လုပ်လိုက်စဥ် ပေါင်ပေါ်ကို
ခေါင်းတင်ကာ လှဲအိပ်လိုက်တယ့် မောင်ကြောင့် လွန်းလန့်သွားရသည်။
မောင်ကတော့လေ ဆိုဖာကျဥ်းကျဥ်းလေးကိုပြုတ်ကျရင် ဘဟ်လိုလုပ်မလဲ"မောင်ရယ် ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "
"မကျဘူးစိတ်မပူနဲ့
ခုတော့ မွှစ်မွှစ်ပေး "ပေါင်ပေါ်ကနေ နှုတ်ခမ်းလေးကို လက်ကလေးနဲ့ ထိုးပြကာ
ဆူပြထားသည့် မောင်ဟာလေ
တစ်ကယ်ကို ချစ်စရာလေး"ဟုတ်ပါပြီ လာ ကိုယ့်ကလေးလေးကို
မွှစ် မွှစ်ပေးရမှာပေါ့ "လွန်းသည်လည်း မောင်ဖြစ်စေခြင်တယ့်အတိုင်း
ခေါင်းလေးကို ငုံကာ နှုတ်ခမ်းသားတို့ကို
နမ်းရှိုက်လိုက်သည်။ရိုင်း နှုတ်ခမ်းသားကိုထိကပ်လာတယ့်
ကိုကိုရဲ့ နှုတ်ခမ်းသားအိအိလေးကြောင့်
ရုန်းမထွက်နိုင်စွာ
ကိုကိုက ပြန်ဖယ်ကွာပေမယ့် ရိုင်း
ကိုကိုရဲ့ လည်တိုင်ကို ပြန်ဆွဲကိုင်ကာ
အနမ်းတို့ကိုပြန်လည် အသက်သွင်းမိသည်။
ESTÁS LEYENDO
Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}complete
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကို လိုချင်သော ကောင်လေးတစ်ဦး။ ရရှိလာတယ့် မိသားစုလေးကို ဘဟ်လို ချင်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစွာ ပုံဖော်သွားမလဲဆိုတာကတော့........ Simple ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကို လို...