သက်ဆုံးတိုင်ထိသာ(အပိုင်း_၆)

321 25 5
                                    

ဖွင့်လှစ်ထားတဲ့ခန်းဆီလိုက်ကာတွေကြောင့် နေကရှောင်းကျန့်မျက်နှာကိုလာထိုးတာမို့အိပ်ရာကနေထပြီးဒီတိုင်းသာထိုင်နေမိသည်။သူဘယ်လိုလုပ်ရပါ့မလဲချစ်ရတဲ့သူကသေဆုံးသွားပြီသူအနားမှာမရှိတော့ဘူး။မျက်ရည်တွေကကျလာတာမို့သုတ်လိုက်သည်။ပြီးတော့သူဒီနေရာမှာဆက်နေစရာအကြောင်းမရှိတော့ဘူး။ရှောင်းကျန့်ကချက်ချင်းပင်မျက်နှာမသစ်ရသေးပဲအဝတ်စားတွေကောက်ထည့်နေသည်။ထည့်ပြီးချင်းမျက်နှာသစ်လိုက်သည်။အနွေးထည်လက်ရှည်အပါးလေးကိုကောက်ဝတ်ပြီးခရီးဆောင်အိတ်သယ်ကာအပေါ်ကနေအောက်ဆင်းလာခဲ့သည်။ဝမ်ရိလင် သူသမက်ရှောင်းကျန့်ကိုမြင်တော့လက်ထဲကခရီးဆောင်အိတ်တွေရော။ဒီကလေးဘယ်သွားမို့ပါလဲ၊သိချင်စိတ်နဲ့သတင်းစာဖက်နေရာကနေပြောလိုက်သည်။

"ဘယ်သွားမို့လဲသားကျန့်"

"ကျွန်တော်နဲ့ဘိုးဘိုးရှောင်းလုဒီအိမ်ကနေထွက်သွားတော့မလို့ပါ။"

ထိုစဉ်မှာပဲရှည်နေတဲ့အကျီကိုလက်တံတောင်းဆစ်နားထိခေါက်ပြီးကြယ်သီးတပ်ပြီးဝမ်ရိပေါ်ကအပေါ်ကနေဆင်းလာရင်းပြောသည်။

"မသွားရဘူး"

ဝမ်ရိလင်တစ်ယောက်ကြောင်သွားသည်။တောက်ခ်ဒီကောင်ဘာလဲကွ၊သူကတောင်​မပြောရသေးဘူးပြောမလို့ကိုဒီကောင်ကဝင်ရှည်နေတာ။ရှောင်းကျန့်ကဆင်းလာတဲ့ဝမ်ရိပေါ်ကလှမ်းကြည့်မိသည်။နှုတ်ခမ်းတွေကလည်းတင်းစေ့ထားမိသည်။ဝမ်ရိပေါ်ကတစ်ဖြေးဖြေးသူအနားရောက်လာတော့ရှောင်းကျန့်ကအရင်ပဲပြောလိုက်သည်။

"ငါဘာသာငါသွားချင်သွားမယ်၊သွားချင်မသွားဘူး မင်းနဲ့မဆိုင်ဘူး၊ငါကိုလာပြီးမချုပ်ချယ်နဲ့"

ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကကော့တွန့်နေအောင်ပြုံးမိသည်။အဟက်ဒီလူကတော့သူအကြောင်းကိုမသိတာထင်တယ်။ပြုံးနေရာကနေရပ်တန့်သွားပြီးရှောင်းကျန့်လက်မောင်းနှစ်ဖက်ကိုသူအားကြီးနဲ့ဆုပ်ကိုင်ညစ်ရင်း၊နတ်ဆိုးတစ်ပါးလိုရှောင်းကျန့်ကိုစိုက်ကြည့်၍ပြောသည်။

"မသွားနဲ့ဆိုမသွားနဲ့ပေါ့၊ဘာတွေအတွန့်တက်ချင်နေတာလဲ"

သူလက်မောင်ဆုပ်ကိုင်ညစ်ထားတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်နာလွန်းလို့မျက်ရည်တွေကျချင်ပေမယ့်မျက်ရည်မကျဖို့ထိန်းထားသည်။ရှောင်းကျန့်ရဲ့မျက်ဝန်းထဲမျက်ရည်လေးတွေဝဲနေတာကိုဝမ်ရိပေါ်တွေ့တော့​ရပ်တန့်သွားသည်။ကျစ်တစ်ခုခုဆိုငိုဖို့ပဲသိတာလား။ဝမ်ရိလင် သူသားလုပ်ရက်ကိုကြည့်နေမိသည်။ဒီကောင်လေးဘာတွေလုပ်နေတာလဲ၊ဝမ်ရိပေါ်ကိုတစ်ချက်အော်ပြောဆိုလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 05, 2021 ⏰

Add this story to your Library to get notified about new parts!

သက်ဆုံးတိုင်ထိသာWhere stories live. Discover now